March 19, 2023

မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်းရဲ့ အသက် (၁၀၀) ပြည့် အခမ်းအနားကျင်းပမယ်

မော်လမြိုင်၊ မတ်(၁၉) မွန်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝါရင့်နိုင်ငံရေးပုဂ္ဂိုလ် ကွယ်လွန်သူနိုင်ငွေသိမ်းရဲ့ အသက် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးအခမ်းအနားကို မတ် ၁၉ ရက်နေ့ မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံမှာ ကျင်းပမယ်လို့ ကျင်းပရေးကော်မတီကနေ သိရပါတယ်။ နိုင်ငွေသိမ်းဟာ ၁၉၂၃ ခုနှစ် မတ် ၁၉ ရက်နေ့မှာ ကရင်ပြည်နယ်၊ဘားအံမြို့နယ်ရှိ မွန်လူမျိုးတွေ အများ စုနေထိုင်ကြတဲ့ ထုံးအိုင်ကျေးရွာမှာ…

မော်လမြိုင်ကားဝင်းအရှေ့ရှိ ဈေးဆိုင်ခန်းတွေကို ၂ ပတ်အတွင်း ဖျက်သိမ်းခိုင်းနေ

မော်လမြိုင်၊ မတ်(၁၉) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြေနီကုန်းကားဝင်းအရှေ့ရှိ ဈေးဆိုင်ခန်းတွေကို ၂ ပတ်အတွင်း ဖျက် သိမ်းပြီး ဖယ်ရှားကြဖို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနက ဖိအားပေးလာတယ်လို့ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ မြန်မာ့မီးရထားဌာနက သူတို့ဌာနပိုင်မြေနေရာတွေမှာ ဆောက်လုပ်ထားတယ်ဆိုတဲ့ ဈေးဆိုင် ခန်းတွေကို ၂ ပတ်အတွင်း ဖျက်သိမ်းကြဖို့ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာ…

စစ်ကောင်စီထံမှတ်ပုံတင်တဲ့ တိုင်းရင်းသားပါတီ ၁၂ ပါတီအထိရှိလာ

နေပြည်တော်၊ မတ်(၁၉) စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၇ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၉ ပါတီမှာတိုင်း ရင်းသားပါတီ ၁၂ ပါတီ အထိ ရှိတယ်လို့ သိရပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ပါတီထဲမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီနဲ့…

KNU မုန်းမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

မုန်း၊ မတ်(၁၉) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး အပြင် ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရပြီး ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက မတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မတ်(၁၇)ရက်နေ့ မနက်(၄)နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ…

သရက်ချောင်းမြို့နယ်မှာ အပြစ်မဲ့အရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

သရက်ချောင်း၊ မတ်(၁၉) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ ပဲဝကမ်းခြေမှာ ရငဲရွာသား ကိုဝင်းထိုက်ကို စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၁၇ ရက်နေ့ ၉ နာရီအချိန်လောက်မှာ ရငဲရွာသား ကိုဝင်းထိုက်ဟာ ရငဲကျေးရွာကနေ ပဲဒက်ကျေးရွာဘက်ကို ဈေးရောင်းဖို့အသွား စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့တာပါ။ ပျောက်ဆုံးသွားတဲ့ ကိုဝင်းထိုက်ရဲ့…

ရုရှားသမ္မတပူတင်ပြီးနောက် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဖမ်းဝရမ်းထုတ်ခံရနိုင်တယ်လို့ သုံးသပ်တာတွေရှိနေ

မော်လမြိုင်၊ မတ်(၁၉) စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC) ကနေ ရုရှားသမ္မ တ ဗလာဒီမီယာပူတင်ကို ဖမ်းဝရမ်းထုတ်မှုဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်အတွက် သတိ ပေးခေါင်းလောင်းသံဖြစ်ပြီး နောက်ပိုင်းမှာ ဖမ်းဝရမ်းထုတ်ခံရနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုမှာ စစ်ရာဇဝတ်မှုကျူးလွန်တာ၊ ယူကရိန်းနိုင်ငံသား ကလေး ငယ်တွေကို ဥပဒေမဲ့ ပြည်နှင်ဒဏ်ပေးမှုတွေအတွက် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့…