နေပြည်တော်၊ မတ်(၁၈)

စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုး ထားတဲ့ အပစ်ရပ် ၇ ဖွဲ့တို့ဟာ လာမယ့် မတ် ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး သွားမယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အပစ်ရပ် ၇ ဖွဲ့ဟာ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ၃ ကြိမ် တက်ရောက်ဆွေးနွေးထားပြီး ပြီးခဲ့တဲ့ နိုဝင်ဘာမှာ အလွတ်သဘောဆွေးနွေးခွင့်ရဖို့ စတင်ကြိုးပမ်းခဲ့ရာ အခုအခါမှာတော့ ပထမဆုံးအကြိမ် နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတာပါ။

စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အလွတ်သဘော တွေ့ဆုံခွင့်ရဖို့ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကိုလည်း ကော်မတီဝင် ၇ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ အလွတ်သဘောတွေ့ဆုံမှုမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ဖို့ အပါအဝင် နှစ်ဖက်စလုံး အဆင်ပြေစေမယ့် အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“အဓိကတော့ ကျွန်တော်တို့ရဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိစ္စရပ်တို့ပါမယ်။ နောက်ပြီးတော့ ကျွန်တော် တို့ ပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကိစ္စရပ်တွေ ပါမယ်။ နောက်ပြီး သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှု အခင်းအကျင်းတွေကို ကျွန်တော်တို့ ဘယ်လိုအစပျိုးမှုတွေနဲ့ ဖော်ဆောင်ဖို့ လုပ်နိုင်မလဲဆို တဲ့ ညှိနှိုင်းဆွေးနွေးချက်တွေလည်း ကျွန်တော်တို့ လုပ်နိုင်မှာဖြစ်သလို ကျန်တဲ့ ဥပမာအားဖြင့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုတည်ဆောက်ရေးကိစ္စရပ်တို့လည်း ပါဝင်မယ်လို့ ကျွန်တော်တို့ ၇ ဖွဲ့ စဉ်းစားချက်တွေက ရှိ တာပေါ့”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးမယ့် အပစ်ရပ် EAOs ၇ ဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်း အရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS) တို့ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ အပစ်ရပ် ၇ ဖွဲ့က ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည် ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေရရှိနိုင်ရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ဖို့ စစ်ကောင်စီကို ကမ်းလှမ်းခဲ့ပါသေးတယ်။

ကမ်းလှမ်းစာအပေါ် အပြန်အလှန်အသိအမှတ်ပြုမှုတွေရှိပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် စစ် ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဘက်က အလွတ်သဘောတွေ့ဆုံဖို့ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.