မော်လမြိုင် ၊ မတ် (၁၆)

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ လုပ်ငန်းအစည်းအဝေးကို မတ်လ( ၁၅) ရက်နဲ့ (၁၆)ရက် နှစ်ရက်တာကျင်းပခဲ့ပြီး အစည်းအဝေးအပြီးမှာ မြန်မာ့ပြည်တွင်းရေးကို တရုတ်ကကြားဝင်ဆောင်ရွက်တာကို ကြိုဆိုတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစည်းအဝေးကို မြောက်ပိုင်းမဟာမိတ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ဖြစ်တဲ့ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ၊ ကချင်လွတ်လပ်ရေးတပ်မ တော် (KIO)၊ ရှမ်းရှေ့အထူး ဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( AA)၊ မြန်မာနိုင် ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ (MNTJP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦီး (PSLF )၊ ကိုးကန့် MNDAA နဲ့ မိုင်းလား NDAA တို့မှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးအပြီးမှာ FPNCCက အချက်(၇) ချက်ပါတဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာမြောက်ပိုင်းမဟာမိတ်အဖွဲ့မှာပါဝင်တဲ့ အဖွဲ့တိုင်းက ကိုဗစ်- ၁၉ကာလမှာ အခက်အခဲတွေကို နှောင်ကြိုးမဲ့ကူညီတဲ့ တရုတ်နိုင်ငံအစိုးရကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကို ပြေလည်ချုပ်ငြိမ်းသွားဖို့ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံပါတယ်လို့ ရေးသားဖော်ပြထားတာပါ။

ဒါ့အပြင် နယ်စပ်ဒေသတည်ငြိမ်ရေး အပါအဝင် ကဏ္ဍပေါင်းစုံမှာ တရုတ်အစိုးရနဲ့ လက်တွဲပြီးလုပ်ဆောင်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

မြန်မာ့ပြည်တွင်းရေးနဲ့ပတ်သက်ပြီး နယ်စပ်ဒေသရှိလူနည်းစု တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်မရှိ လူမျိုးတွေ အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်သွားဖို့အတွက် ကိုယ်ပိုင်အင်အားနဲ့ အစွမ်းအစတွေကို အသုံးပြုသွားမယ်လို့လည်း ဆိုထားပါတယ်။

အဲဒီအစည်းအဝေးကို အစည်းအဝေးကို UWSA ဌာနချုပ်ရှိရာ ဝ ပြည်နယ် ပန်ဆန်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ FPNCC ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့၌ တရုတ်အစိုးရခေါင်း ဆောင်တွေနဲ့ သွားရောက်တွေ့ဆုံဖို့ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-FPNCC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.