နယူးဒေလီ၊ မတ်(၁၄)

အမျိုးသမီးအချင်းချင်း ချစ်ခင်နှစ်သက်သူ၊ အမျိုးသားအချင်းချင်း ချစ်ခင်နှစ်သက်သူတွေနဲ့ လိင်းပြောင်းထား သူအစရှိတဲ့  (LGBT) စုံတွဲတွေအပေါ် ချမှတ်ထားတဲ့ ဥပဒေမူဘောင်ရဲ့ စိန်ခေါ်မှုတွေကို ဖယ်ရှားပစ်ဖို့ အိန္ဒိယ တရားရုံးတော်ကို တောင်းဆိုခဲ့ကြပေမယ့် အန္ဒိယအစိုးရက လိင်တူလက်ထပ်မှုကို အသိအမှတ်မပြုကြောင်း တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

(LGBT) စုံတွဲတွေအနေနဲ့ ဒီလို တောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း မတ်လ (၁၂) ရက် နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးထုတ်ပြန်ချက်ထဲမှာ အိန္ဒိယအစိုးရဟာ လိင်တူလက်ထပ်မှုဆိုင်ရာ အသိအမှတ်ပြုခြင်းကို ဆန့်ကျင် ပါတယ်ဆိုပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဥပဒေရေးရာဝန်ကြီးဌာနရဲ့ ထင်မြင်ယူဆချက်ထဲမှာတော့ လူမှုအဖွဲ့အစည်းအတွင်းမှာ ရီလေးရှင်းရှစ်မျိုးစုံရှိ နိုင်ပေမယ့် ဥပဒေအရသတ်မှတ်ခွင့်ပြုထားတဲ့ လက်ထပ်ထိမ်းမြားခြင်းကတော့ သမာရိုးကျစုံတွဲတွေကိုသာ အသိအမှတ်ပြု ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ တရားရုံးဆုံဖြတ်ချက်မှာပါရှိကြောင်း ရိုက်တာသတင်း ဌာနက ရေးသားထားတာပါ။

“လိင်တူချစ်သူတွေဟာ မိမိရဲ့ ပါတနာနဲ့ အတူတကွနေတာ၊ လိင်သဘောဆက်ဆံရေးတွေဟာ လင်သား၊ ဇနီးမယားနဲ့ သားသမီးပါဝင်တဲ့ အိန္ဒိယမိသားစု အယူအဆနဲ့ နှိုင်းယှဉ်လို့ မရပါ”ဆိုပြီး ဝန်ကြီးဌာနက ငြင်း ဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီထုတ်ပြန်ချက်ထဲမှာ ဘာသာရေးနဲ့ လူမှုအသိုက်အဝန်းစံတန်ဖိုးတွေ နက်နက်ရှိုင်းရှိုင်းနဲ့ စုစည်း ထားတဲ့ တိုင်းပြည်ရဲ့ ဥပဒေပြုရေးမူဝါဒတစ်ခုလုံးကို ပြောင်းလဲဖို့အတွက် ရုံးတော်သို့ မေးခွန်း မထုတ်နိုင်ပါဟူ ၍လည်း ပါရှိနေတာပါ။

၂၀၁၈ ခုနှစ်အတွင်း သမိုင်းဝင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ အိန္ဒိယအမြင့်ဆုံးရုံးတော်ဟာ ယောကျာ်းလေးအချင်း ချင်းချစ်ခင်နှစ်သက်မြတ်နိုးမှှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ကိုလိုနီခေတ်ဥပဒေကို အကြောင်းပြုပြီး လိင် တူလက်ထပ်ခြင်းကို တရားမဝင်မှုအဖြစ်သတ်မှတ်ခဲ့ဖူးတာ ဖြစ်ပါတယ်။
Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.