မော်လမြိုင် – မတ်(၁၃)

မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်(၁၁) ခုမှာ (၃) ရက်ကနေ (၅) ရက်အထိ မိုးရွာသွန်းနိုင်တယ် လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

မတ်လ(၁၃) ရက်ကစပြီး အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကာ တိုင်းနဲ့ ပြည်နယ်(၁၁) ခုမှာ ရွာသွန်းမြဲ ထက်ပိုမိုရွာသွန်းနိုင်တယ်လို့ ဆိုထားတာပါ။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကချင် ပြည်နယ်၊ တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့မှာ အချိန်အခါမဟုတ် မိုးပို နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေပြည်တော်၊စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးရွာသွန်းနိုင်တဲ့ ရက်မှာ (၁) ရက်ကနေ (၂) ရက်ကြာ ထစ်ချုန်းရွာသွန်းနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အချိန်အခါမဟုတ် မိုးရွာသွန်းတာဟာ အနောက်ဘက်မှ ရွှေ့လျားလာတဲ့ လေပွေးလှိုင်းတွေရဲ့ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေအေး တွေရဲ့ တွေ့ဆုံမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.