တွံတေး၊ မတ်(၁၃)
ပြီးခဲ့တဲ့၂၀၂၁ မတ် ၁၃ရက်နေ့က တွံတေးသပိတ်ဖြိုခွင်းခံရစဥ် ကျဆုံးခဲ့တဲ့ ပြည်သူလေးယောက်အတွက် အမှတ်တရအထိမ်းအမှတ်တစ်ခုကို တွံတေးမြို့သူ၊ မြို့သားတွေစုပေါင်းပြီး ဒီကနေ့ မတ်လ (၁၃)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် အထိမ်းအမှတ်တစ်ခုကို တွံတေးတံတားပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးခဲ့သူတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ တွံတေးသူ၊ တွံတေးသားတွေအားလုံးအတွက် အမှတ်တရစီစဉ်ဖြစ်တာလို့ တွံတေးမြို့ခံတစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့မြို့မှ မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံး လက်ရှိအပြင်းအထန်ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကနေ လွန်မြောက်နိုင်ဖို့အတွက် တခြားမြို့တွေနဲ့တန်းတူ ကျွန်တော်တို့လည်း ကိုယ်စီကိုယ်စီ တတ်နိုင်သလောက်အားနဲ့ ဝိုင်းတွန်းကြဖို့ ကိုယ့်မြို့သားချင်း အချင်းချင်း နှိုးဆော်တဲ့သဘောနဲ့ စီစဉ်ဆောင်ရွက်ကြတာဖြစ်ပါတယ်” လို့ အမှတ်တရအစီအစဥ်မှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။
သတင်း- သံလွင်တိုင်းဓာတ်ပုံ-CJ