ကွာလာလမ်ပူ – မတ်(၁၄) 

မလေးရှားဝန်ကြီးချုပ်ဟောင်း မူရီဒင် ရာဆင်ဟာ ဝန်ကြီးချုပ်သက်တမ်းကာလအတွင်း အစိုးရရဲ့ အခွန်နဲ့ အတိုးနှုန်းသက်သာစွာ စီးပွားရေး ကဏ္ဍပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ ငွေကြေးခဝါချမှုကို ရှာအလမ်တရားရုံးတော်မှာ စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒီအမှုကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုကိစ္စရပ်တွေအတွက် ငွေကြေး ထောက်ပံ့ရေးနဲ့ ဥပဒေမဲ့ ဆောင်ရွက်မှုများ တိုက်ဖျက်ရေး အက်ဥပဒေ ၂၀၀၁ အရ ဆောင်ရွက် မှာဖြစ်တယ်လို့ သိရပါတယ်။ 

 The Malaysian United Indigenous Party အကြီးအကဲ (ဝန်ကြီးချုပ်‌ဟောင်း) ဟာ တရားမဝင် လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့အတွက် ပါတီရဲ့ ဘဏ်အကောင့်ထဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၇) ရက်နေ့မှာ အမေရိကန်ဒေါ်လာ (၁.၅) မီလျံ လက်ခံထားတယ်လို့ စွပ်စွဲခံထားရတာပါ။ 

အသက်(၇၅) နှစ်အရွယ် မလေးရှားဝန်ကြီးချုပ်ဟောင်းအနေနဲ့ ငွေကြေးခဝါချတယ်လို့ စစ်ဆေး တွေ့ရှိရင် ထောင်ဒဏ်(၁၅) နှစ်အထိ ချမှတ်ခံရနိုင်သလို ဘဏ်အကောင့်ထဲ လက်ခံထားတယ်လို့ စွပ်စွဲခံထားရတဲ့ ငွေပမာဏ ထက်(၅) ဆပေးလျော်ရမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူ့အစိုးရရဲ့ စီးပွားကုစားရေး အစီအစဉ်တွေထဲက ပေးအပ်ထားတဲ့ စီမံကိန်းတွေမှာ အမေရိကန်ဒေါ်လာ(၇၀) မီလျံကျော် အလွဲသုံးစားလုပ်တယ်လို့ ဆိုပြီး စွဲချက် မြောက်များစွာကို ကွာလာလမ်ပူတရားရုံးမှာ ရင်ဆိုနေရပါတယ်။ 

ဝန်ကြီးချုပ်ဟောင်းဟာ ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်ကြား ဝန်ကြီးချုပ်အဖြစ် (၁၇) လတာဝန်ယူ ချိန်မှာ ကုမ္ပဏီ(၃) ခုထူထောင်ပြီး အမေရိကန်ဒေါ်လာ(၆၇) မီလျံ ရယူထားတယ်လို့ စွပ်စွဲခံထား ရတဲ့အပြင် ငွေကြေးခဝါချမှုတွေကိုလည်း ကျူးလွန်ထားတယ်လို့ ဆိုကြပါတယ်။ 

ဒါ့အပြင် အာဏာအလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုထင်ရှားရင် နှစ်ပေါင်း (၂၀) အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်သလို လာဘ်စားမှုတန်ဖိုးရဲ့ (၅) ဆကို ပေးလျော်ရမှာဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း မူရီဒင်ဟာ ငွေကြေးခဝါချမှုနဲ့ တရားစွဲခံရတဲ့ နာဂျစ်ရာဇက်အပြီး ဒုတိယ အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ 

နာဂျစ်ရာဇက်ဟာ 1Malaysia Development, Berhad ဆိုတဲ့ နိုင်ငံတော်ပိုင် ရန်ပုံငွေနဲ့ ဆက်စပ်ပြီး ပြစ်မှု တစ်ခုကျူးလွန်ခဲ့တယ်လို့ ဆိုပြီး ထောင်ဒဏ်(၁၂) နှစ်ချမှတ်ခံထားရပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.