March 12, 2023

ဒီးမော့ဆိုစစ်ရှောင် ၅၀၀၀ ကျော်ကို အရေးပေါ်ရွှေ့ပြောင်းထားရ

ဒီးမော့ဆို၊ မတ်(၁၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း(၃)ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်းတိုင်းမ်ကို ပြောပါတယ်။ ဘော်လခဲအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ- ၄၂၉ နဲ့ တပ်မ-၇၇ တို့က ဘောလခဲဘက်ကနေ စစ်ကြောင်း (၂) ကြောင်း၊ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ဒီးမော့ဆိုမြို့နယ်…

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

တနင်္သာရီ၊ မတ်(၁၂) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာအနီးမှာ မတ် ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင် စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့ဘက်ကို မောင်းနှင်းလာတဲ့ တပ်အင်အား ၆၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို…

စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ စစ်ကောင်စီကြိုးပမ်းမှုကြောင့် ကုန်ဈေးနှုန်းပိုမိုကြီးမြင့်လာနိုင်

မော်လမြိုင်၊ မတ်(၁၂) ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ စစ်ကောင်စီရဲ့ကြိုးပမ်းမှုကြောင့် မှောင်ခို ဈေးကွက် ကြီးထွားလာနိုင်ပြီး ကုန်ဈေးနှုန်းတွေလည်း ပိုမိုကြီးမြင့်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့နဲ့ အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားနိုင်ရေးအတွက် ပြည်ပကနေတင်သွင်းတဲ့ စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချမယ်လို့ ပြောဆိုလာတာပါ။ စက်သုံးဆီသုံးစွဲမှု လျှော့ချရာမှာ…

စစ်ကောင်စီလက်ထက် လုပ်ခလစာခေါင်းပုံဖြတ်ခံရမှု အဆိုးဝါးဆုံးဖြစ်လာ

ရန်ကုန်၊ မတ်(၁၂) စစ်ကောင်စီလက်ထက်မှာ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေက အလုပ်သမားဆီကနေ လုပ်ခလစာ ခေါင်းပုံ ဖြတ်တာအပြင် အတင်းအဓမ္မအလုပ်ခိုင်းစေမှုတွေကို ဆက်တိုက်ကျူးလွန်လာတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေဟာ စစ်ကောင်စီလက်ထက် ဥပဒေအကာအကွယ်ပေးမှု နည်းပါးမှုကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို နေ့စဉ်အလုပ်ချိန် ၁၂ နာရီအထိ အလုပ်လုပ်ခိုင်းတာ၊ တနင်္ဂ နွေနေ့တွေမှာပါ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။…

KNU နယ်မြေမှာ တစ်လအတွင်း တိုက်ပွဲအကြိမ် ၄၀၀ ကျော်ဖြစ်ပွားခဲ့

ကော်သူးလေ၊ မတ်(၁၂) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁)လတာအတွင်း စစ်ကောင်စီနယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့အကြား တိုက်ပွဲပေါင်း(၄၁၈)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU က မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တစ်လအတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၃၈၆)ဦးသေဆုံးပြီး (၂၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA KNDO…

မွန်ပြည်နယ်မှာ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှု ၅၀ အထိရှိလာ

မော်လမြိုင်၊ မတ်(၁၂) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ် ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားသေဆုံးမှု ၅၀ အထိရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မတ် ၁၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ စစ်တပ်အာဏာသိမ်းကာလအတွင်း ပထမဆုံးသတ်ဖြတ်ခံရသူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ (၂၈) ရက်နေ့က ငြိမ်းချမ်းစွာ…