ဆိုးလ် – မတ်(၁၀) 

ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာတဲ့ကြားက တောင်ကိုရီးယား နိုင်ငံအနေနဲ့ မြောက်ကိုရီယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ နျူကလီးယားလက်နက် မလို အပ်ဘူးလို့ ဝန်ကြီးချုပ် ဟန်ဒက်ခ်ဆို က CNN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က မြောက်ကိုရီးယားဟာ လက်နက်အစီအစဉ်တွေပြန်လည်ဆောင်ရွက်ခဲ့ပြီး ပထမ ဦးဆုံးနိုင်ငံတကာကိုသတိပေးခဲ့တဲ့ ဂျပန်နိုင်ငံဖြတ်ကျော်သွားတဲ့ ပဲ့ထိန်းဒုံးပစ်ခတ်မှု အပါအဝင် ပဲ့ထိန်းဒုံးစမ်းသပ်ပစ်လွှတ်မှုတွေကို စံချိန်တင်ဆောင်ရွက်ခဲ့တဲ့အတွက် တောင်နဲ့ မြောက်ကိုရီး ယားတို့ရဲ့ အခြေအနေဟာ အဆုံးဆုံး ဖြစ်လာခဲ့တာပါ။ 

“ကျွန်ုပ်တို့အနေဖြင့် ကိုယ့်ကိုတိုင်အတွက် လက်နက်ပြန်လည်တပ်ဆင်ရေးကို အတိအကျဖော် ပြထားခဲ့သည်။ နျူကလီယားစွမ်းဆောင်ရည်နှင့်ပတ်သက်သော စစ်တမ်းဖြေကြားချက်များတွင် ကျွန်ုပ်တို့ အနေဖြင့် တစုံတခုလုပ်ဆောင်သင့်သည်”လို့ တောင်ကိုရီးယားဝန်ကြီးချုပ်က ပြောပါ တယ်။ 

မြောက်ကိုရီးယားရဲ့ရည်ရွယ်ချက်တွေကို ရှောင်ဖယ်နိုင်ဖို့အတွက် နိုင်ငံအနေနဲ့ လုံလောက်တဲ့ အမြှောက်အင်အားရှိတယ်လို့ ဝန်ကြီးချုပ်က ဆိုထားပြီး နျူကလီးယားစွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်တာဟာ လမ်းကြောင်းမှန်မဟုတ်ဘူးလို့ ပြောပါသေးတယ်။ 

“အမေရိကန်ပြည်ထောင်စုနှင့် အနီးကပ် ပူးပေါင်းပြီးတော့ ကျွန်ုပ်တို့ရဲ့ ကာကွယ်တားဆီး နိုင်စွမ်း ကို လုံလောက်တဲ့အတိုင်းအတာအထိ အတော်လေးတည်ဆောက်ထားနိုင်ပါပြီး။ မြောက်ကိုရီး ယားဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဆောင်ရွက်နိုင်ဖို့ ဖိအားအမြောက် အများ ဆက်လက်ပေးနေဖို့လိုတယ်၊ အဲ့ဒီအတွက် ကျွန်ုပ်တို့က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်သင့်ပါတယ်” လို့ တောင်ကိုရီးယားဝန်ကြီးချုပ်က ပြောပါသေးတယ်။ 

မြောက်ကိုရီးယားကို တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန်၊တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး နိုင်ငံအနေနဲ့ နည်းဗျူဟာမြောက် နျူကလီးယား တွေကို ပိုင်ဆိုင်နိုင်တယ်ဆိုတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းရဲ့ ပြောဆိုချက်တွေဟာလည်း ဇန်နဝါရီလမှာ ထွက်ပေါ်လာဖူးပါတယ်။

တောင်ကိုရီးယားအနေနဲ့ နျူလက်နက်တပ်ဆင်ထားတဲ့ အိမ်နီးချင်းနိုင်ငံကို ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်ရေးကို အာရုံစိုက်တယ်သလို သေချာမှုမရှိတဲ့ အခြေအနေအောက်မှာလည်း ပြောဆို ဆွေးနွေးမှုတွေကို ဖွင့်လှစ်ထားသင့်တယ်လို့ သမ္မတရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် က တုံ့ပြန်ထားပါတယ်။ 

“မြောက်ကိုရီးယားကိုတားဆီးနိုင်ရေးမှာ ကျွန်ုပ်တို့က လက်နက်ဖြုတ်သိမ်းတာ/လက်နက်ချနေ တာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားဟာ အလွန်ပြင်ထန်းတဲ့ သူရဲ့ နျူကလီးယားရည်ရွယ်ချက် ကို ရှောင်ထွက်နိုင်နေသမျှ ကျွန်ုပ်တို့ဟာ မြောက်ပိုင်းနှင့် ပြောဆိုဆွေးနွေး‌ရေး လမ်းကြောင်းကို ပိတ်ပစ်မထားပါဘူး” လို့  တောင်ကိုရီးယားဝန်ကြီးချုပ် မစ္စတာဟန် ကပြောခဲ့ပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.