ဝါရှင်တန် – မတ်(၁၀) 

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီရဲ့ အနာဂတ်ကို တရုတ်-အမေရိကန်တို့ရဲ့ နည်းပညာ ပြိုင်ဆိုင်မှုအပေါ်မှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အေဂျင်စီ ဒါရိုက်တာ ဝီလျံဘန်းစမ် ကဆီးနိတ် ကြားနာပွဲမှာ ပြောပါတယ်။  

အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် တရုတ်နိုင်ငံကို ထောက်ပြထားတဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ခြိမ်းခြောက်မှု နှစ်ပတ်လည် အကဲဖြတ်ချက် ထုတ်ပြန် ပြီးနောက် အမေရိကန်နိုင်ငံသားတွေကို စောင့်ကြည့်ဖို့ တရုတ်ရဲ့ ဆိုက်ဘာ နည်းဗျူဟာတွေ အပြင်းအထန်အသုံးပြုမှု၊ညဏပိုင်းဆိုင်ရာ ခိုးယူ အောင်မြင်မှုနဲ့ နိုင်ငံခြားနည်းပညာတွေ ရယူနိုင်စွမ်းတို့ ကို ကိုးကားဖော်ပြတဲ့ ဒါရိုက်တာဘန်းစ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။ 

“နည်းပညာတော်လှန်ရေးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပြိုင်ဆိုင်မှုရဲ့ အဓိကနယ်ပယ်တစ်ခု ပဲမဟုတ်ဘဲ ၎င်းဟာ ကျွန်ုပ်တို့၏အနာဂတ်အတွက် ထောက်လှမ်းရေးဌာနတစ်ခုအဖြစ်လည်း အဆုံးအဖြတ်ပေးသည့်အချက်လည်းဖြစ်တယ်” လို့ ဘန်းစ်ကပြောခဲ့ပါတယ်။ 

ကွန်ဂရက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများ ကြားနာပွဲမှာ CIA ဒါရိုက်တာက အမျိုးသား လုံခြုံရေးအေဂျင်စီ ဒါရိုက်တာ အေဗရယ် ဟိုင်းနစ်၊ ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာ စကော့ဘာရီရာနဲ့ ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး ခရစ်စတိုဖာဝေရ်း တို့ အပါအဝင် တခြား အမေရိကန်ထောက်လှမ်ရေးအသိုင်းအဝိုင်းရဲ့ အကြီးအကဲတွေနဲ့အတူ ကြားနာပွဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ 

တရုတ်က ဟက်ကာတွေအသုံးပြတာအပါအဝင် အမေရိကန်အကျိုးစီးပွားကို ပုံစံမျိုးစံနဲ့ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ထောက်လှမ်ရေးဒါရိုက်တာတွေက ဆိုထားပါတယ်။ 

အမေရိကန်နဲ့ တရုတ်တို့ ပဋိပက္ခဖြစ်လာရင် အမေရိကန်မှာ အရေးပါတဲ့ အခြေခံ အဆောက် အအုံနဲ့ ကမ္ဘာတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ဆန့်ကျင်ပြီး ပြင်းထန်တဲ့ ဆိုက်ဘာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ သေချာသလောက်နီးပါးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ 

“အမေရိကန်စစ်တပ်ရဲ့ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းကို အဟန့်အတားဖြစ်စေဖို့၊ လူမှုအဖွဲ့အစည်းတွေ အထိတ်တလန့်ဖြစ်စေဖို့နဲ့ အမေရိကန်တပ်တွေ ဖြန့်ကျက်မှုကို အနှောင့်အယှက်ဖြစ်စေဖို့ ဒီလို လှုပ်ရှားမှု အစီအစဉ်တွေကို ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်” လို့ အဲဒီအစီအရင်ခံစာမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် အစီရင်ခံစာမှာ တရုတ်ရဲ့ နည်းပညာနဲ့ မောင်းနှင်တဲ့ အာဏာရှင်စနစ်တစ်ကမ္ဘာလုံးကို ချဲ့ထွင်းမှဒကို ထောက်ပြထားပြီး ကမ္ဘာတစ်ဝှမ်းမှာ နည်းပညာလွတ်လပ်စွာ စီးဆင်းမှုကို 

ထိန်းချုပ်ဖို့နဲ့ ခြယ်လှယ်ဖို့ ပြင်းထန်တဲ့ ကြိုးပမ်းမှုတွေကို ကိုးကားပြီးဖော်ပြထားပါတယ်။ 

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေနဲ့ မီးရထားစနစ်တွေအပါအဝင် အရေးကြီးတဲ့ အခြေခံ အဆောက်အအုံ ဝန်ဆောင်မှုတွေကိုလည်း ဖယ်ရှားနိုင်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တရုတ် နိုင်ငံက လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့လည်း ဆိုထားပါတယ်။ 

တရုတ်ရဲ့ လုံခြုံရေးယန္တရားဟာ သူတို့လူဦးရေအပေါ် ကျန်းမာရေးဒေတာအများအပြား စုဆောင်းပုံကို ကြည့်ပြီး တရုတ်ဟာ အမေရိကန်ရဲ့ ကျန်းမာရေးနဲ့ မျိုးဗီဇဆိုင်ရာ အချက် အလက်တွေကို ဆိုက်ဘာချိုးဖောက်ခိုးယူမှုတွေနဲ့ အမေရိကန် ကုမ္ပဏီတွေသိမ်းဆည်းထားတဲ့ အချက်အလက်တွေကိုလည်း ခိုးယူတာတွေရှိခဲ့တယ်လို့ ထောက်လှမ်းရေးအေဂျင်စီတွေက ဖော်ပြထားပါတယ်။ 

“တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် သူတို့ရဲ့ သြဇာလွှမ်းမိုးမှု လုပ်ငန်းအရှိန် တိုးမြင့်လာတာတောင်မှ သူတို့ရဲ့ ငါတို့ပိုင်ဆိုင်တဲ့ ဉာဏဥစ္စာကို ခိုးယူတာနဲ့ ပတ်သတ်ပြီး သူတို့ ကြုံတွေ့ခဲ့ရတဲ့ အတိုင်းအတာ တိုးလာတာကို တွေ့ရပါတယ်” လို့ NSA ဒါရိုက်တာက တရုတ်နိုင်ငံရဲ့ ဆိုက်ဘာ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.