နေပြည်တော်၊ မတ်(၉)

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၇ ပါတီအထိ ရှိလာတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ပါတီတည်ထောင်ခွင့် လျှောက် ထားတဲ့ နိုင်ငံရေးပါတီ ၆ ပါတီနဲ့ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်ခွင့် လျှောက်ထားတဲ့ ပါတီ ၁၁ ပါတီရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့်ပါတီ ၅ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း မှာသာ စည်းရုံးမယ့် ပါတီ ၁၂ ပါတီဖြစ်ပြီး အဲဒီပါတီတွေကို ပါတီတည်ထောင်ခွင့်နဲ့မှတ်ပုံ တင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နည်းဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်တယ်လို့ ဖော်ပြထားပါတယ်။

ပါတီတည်ထောင်ခွင့်နဲ့ လျှောက်ထားခွင့်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ လျှောက်ထားနိုင်ပြီလို့ ကြေညာထားတဲ့အတွက် ပါတီတည်ထောင်တာနဲ့ မှတ်ပုံပြန်တင်ဖို့ ၂၅ ရက်သာ ကျန်ရှိတော့တာပါ။

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ တည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီအထိရှိနေပြီး အဲဒီထဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အများဆုံးရှိနေကြပေမယ့် စစ်ကောင်စီပြဌာန်းလိုက်တဲ့ ပါတီမှတ်ပုံတင်ဥပဒေအပြီးမှာ ဒီကနေ့အထိ ပြန်လည်မှတ်ပုံတင်တဲ့ တိုင်းရင်းသားပါတီအနည်းစုသာ ရှိနေသေးတာပါ။

ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီတွေကတော့ စစ်တပ်ကျောထောက် နောက်ခံပေး ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါ တီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ပြည်သူ့အင်အား ပါတီ၊ ဝံသာနုပါတီနဲ့ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ ဒီမိုကရေစီပါတီ သစ်(ကချင်)၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ရခိုင့်ဦးဆောင်ပါတီ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီတို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.