နယူးဒေလီ – မတ်(၃) 

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ယူကရိန်းအပေါ် သဘောထားကွဲပြားမှုတွေကို ပေါင်းကူးပေးဖို့ G-20 အဖွဲ့ကို တောင်းဆိုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု မအောင်မြင် ဘူးလို့ နယူးဒေလီမြို့မှာ ကျင်းပတဲ့ အစည်းအဝေးဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။ 

ဒီနှစ်အတွက် G-20 ဥက္ကဋ္ဌ ရာထူးရယူထားတဲ့ အိန္ဒိယဟာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ရာသီဥတု ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို အာရုံစိုက်ဖို့ ဆန္ဒရှိပေမယ့် ယူကရိန်းစစ်ပွဲဟာ လက်ရှိအချိန်ထိ ကမ္ဘာရဲ့ အာရုံစိုက်မှုကိုခံနေရတာပါ။ 

ဒီတွေ့ဆုံမှုဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာဗရော့တို့ရဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတည်းက တစ်ခန်းတည်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ 

“ကမ္ဘာကြီးရဲ့ နက်နဲတဲ့ သဘောထားကွဲလွဲမှုတွေ ကြုံနေရတယ်၊ ကျွန်တော်တို့အားလုံးမှာ ဒီတင်း မာမှုတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ ရပ်တည်ချက်တွေနဲ့ ရှုမြင်သုံးသပ်မှုတွေ ရှိနေပါတယ် ဒါပေမယ့် ကမ္ဘာ့ထိပ်တန်းစီးပွါးရေးဦးဆောင်မှုတွေအနေနဲ့လည်း ဒီအခန်းထဲမှာ မရှိတဲ့သူတွေ အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” လို့ ဝန်ကြီးချုပ် မိုဒီက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အနည်းငယ်က အတွေ့အကြုံတွေဖြစ်တဲ့ ဘဏ္ဍာရေးအကျပ်အတည်း၊ ရာသီဥတုပြောင်းလဲမှု၊ကူးစက်ရောဂါ၊အကြမ်းဖက်ဝါဒနဲ့ စစ်ပွဲတွေက ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု မအောင်မြင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတယ်လို့ သူက ပြောပါသေးတယ်။ 

အနောက်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေကလည်း တရုတ်နိုင်ငံဟာ သူတို့ရဲ့ ရုရှားမဟာမိတ်ဆီကို လက်နက်တွေ ထောက်ပံ့ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို စိုးရိမ်နေပြီး ပဋိပက္ခမှာ တရုတ် ဝင်ရောက်စွက်ဖက်တာကနေ တားဆီးဖို့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထိပ်သီးအစည်းအဝေးကို အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။ 

ရုရှားနဲ့ အိန္ဒိယတို့ရဲ့ ကာလရှည် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကြောင့်လည်း ပြီးခဲ့တဲ့ နှစ်က ကျူးကျော်မှုကို ရှုတ်ချဖို့ ငြင်းဆိုပြီးနောက် G-20 အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ အဆင်မပြေတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ 

အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ပ် ဘိုရယ်က အိန္ဒိယဟာ ဒီစစ်ပွဲပြီးဆုံးဖို့ အစည်းအဝေးကို အသုံးချလာနိုင်တယ်လို့ ဆိုပါတယ်။ 

“ဒီနေ့တွေ့ဆုံမှုရဲ့ အောင်မြင်မှုကို သေချာပေါက် ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး တိုင်းတာသွားမှာပါ” လို့ဘိုရယ်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ 

ဘိုရယ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ နယူးဒေလီ ထိပ်သီးအစည်းအဝေးမှာ သီးခြားတွေ့ဆုံမှာ ဖြစ်ပြီး ရုရှားကိုစစ်ပွဲအတွက် ပံ့ပိုးကူညီမှာမဟုတ်ဘူးဆိုတဲ့ အာမခံချက်ရယူမှာဖြစ်တယ်လို့ ပြော ပါတယ်။ 

“အခုအချိန်အထိတော့ တရုတ်က ရှင်းရှင်းလင်းလင်း ဖြှေရှင်းချက်ထုတ်ပြန်ထားတာတော့ မဟုတ်သေးဘူး၊ ဒါပေမယ့် ကျွန်တော်တို့ သတိထားနေဖို့ လိုပါတယ်” လို့ ဒီကိစ္စနဲ့ ပတ်သက် တဲ့ အကြီးတန်း အီးယူအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ 

ရုရှားမှာ တရုတ်ထိပ်တန်း သံတမန်က နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်နဲ့ သမ္မတ ဗလာဒီမာပူတင် တို့ကို တွေ့ဆုံပြီးနောက် တရုတ်က ရုရှားနဲ့ မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုအားကောင်း ဖို့ ဆန္ဒရှိတယ်လို့ ထိပ်တန်း သံတမန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။

Ref: KYIV POST

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.