ဘန်ကောက် – မတ်(၃) 

အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံ(၆) နိုင်ငံကြား လုံခြုံရေးမဟာမိတ်တွေကို ပြန်လည်အင်အား ဖြည့်တဲ့အနေနဲ့ ကမ္ဘာ့အကြီးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံစုံပါဝင်သော Cobra Gold စစ်ရေး လေ့ကျင့်မှုတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ထိုင်းတော်ဝင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမေရိကန် အင်ဒို ပစိဖိတ် စစ်ဌာနချုပ်တို့ ပူးတွဲ ကျင်းပတဲ့ နှစ်ပတ်တာ အစီအစဉ်တွေနဲ့ ကွင်းဆင်းလေ့ကျင့်ခန်းတွေမှာ စင်္ကာပူ၊ဂျပန်၊အင်ဒို၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့က ပူးပေါင်းပါဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ 

လက်ခံကျင်းပမယ့် (၂) နိုင်ငံကြားဆက်ဆံရေး တင်းမာတဲ့ အခြေအနေကာလရှည် ဖြစ်နေပေ မယ့် စစ်ရေးလေ့ကျင့်မှု ပြန်လည်စတင်ပြီးနောက် အမေရိကန်တပ်သား(၃၈၀၀) ကျော်နဲ့ ထိုင်း တပ်သား (၃၀၀၀) ကျော်တို့ပါဝင်ကြမှာပါ။ 

ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့ မိရိုးဖလာ မဟာမိတ်တစ်ဦးဖြစ်ပေမယ့် တရုတ်နိုင်ငံနဲ့လည်း လုံခြုံရေးအခြေအနေတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေ့ကျင့်မှုတွေ ပါဝင်တဲ့ စုစုပေါင်းဝန်ထမ်း (၇၃၉၄) ဦးအတွက် တခြားနိုင်ငံ(၂၃) နိုင်ငံက လေ့ကျင့်ရေးမိတ်ဖက်တွေ၊ လေ့လာသူတွေလည်း ပူးပေါင်းပါဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ Cobra Gold ဟာ အနာဂတ်ကို ဦးတည်တဲ့ လေ့ကျင့်ခန်းတစ်ခုသာဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံ တည်းနဲ့ အထီးကျန်စွာ မဖြေရှင်းနိုင်တဲ့ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံ ပေါင်း ၃၀ ဟာ အတူအတကွ ဖြေရှင်းကြမှာပါ။ ပူးပေါင်းဆောင်ရွက်မှုကသာ ကျွန်ုပ်တို့ အကြား ဒီစိန်ခေါ်မှုကိုတွေကို ရင်ဆိုင်ဖို့နဲ့ ကိုယ့်ကိုကိုယ်လုံခြုံအောင် ထိန်းသိမ်းဖို့ပါ” လို့ ထိုင်း အခြေစိုက် စခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ကိုယ်စားလှယ်က ပြောခဲ့ပါတယ်။ 

၁၉၈၂ ခုနှစ်ကစတင်ပြီး Cobra Gold ဟာ ထိုင်းနိုင်ငံနဲ့ အမေရိကန်ကြား ရေကြောင်းလေ့ကျင့် မှုတွေဆောင်ရွက်ခဲ့ပြီး ပိုမိုကျယ်ပြန့်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပြင် ကွင်းဆင်းလေ့ကျင့်ခန်း တွေ ကွပ်ကဲရေးရာထူးဝန်ထမ်းလေ့ကျင့်ရေး၊ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုလေ့ကျင့်ခန်းတွေပါဝင်ပါတယ်။ 

ဒီနှစ်လေ့ကျင့်မှုမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဖြစ်နိုင်ခြေရှိတဲ့ အာကာသဘေးအန္တရာယ် လေ့ကျင့်မှုတွေကိုလည်း ထည့်သွင်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ 

ထိုင်းနဲ့ အမေရိကန်တို့ အပြည့်အဝပြန်လည့်ဖွင့်လှစ်လိုက်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှု ကို ကမ္ဘောဒီးယား၊လာအို၊ဘရာဇီးလ်၊ပါကစ္စတန်၊ဗီယက်နမ်၊ဂျာမနီ၊ဆီဒင်၊ဂရီ၊ကူဝိတ်နဲ့ သီရိလင်္ကာ နိုင်ငံတွေက လေ့လာစောင့်ကြည့်သူတွေအဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။

Ref: abcnews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.