သထုံ၊ မတ်(၂)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ဒုံသမိတံတားရှိ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုကို ဒီနေ့ မတ်လ မနက် ၁၁ နာရီလောက်မှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ဗုံးသီးတွေဟာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အရှေ့တည့်တည့် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိနိုင်ပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆိုပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ဒရုန်းလာတဲ့ လမ်းကြောင်းလို့ဆိုပြီး ကျုံမိန်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကျုံမိန်ကျေးရွာနေ အရပ်သားပြည်သူတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာရှိ၊ မရှိကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံးစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သထုံ-ဘားအံကားလမ်း နာရီဝက်ကျော်အကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြိးခဲ့တဲ့နှစ် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း သထုံမြို့နယ်၊ ကြာပန်းတိုးဂိတ်အနီးရှိ စစ်ကောင်စီ စစ် ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.