February 2023

မော်လမြိုင်တက္ကသိုလ် ပါချုပ် စစ်ကောင်စီ မွန်ပြည်နယ် သယံဇာဝန်ကြီးအဖြစ် ခန့်အပ်ခံရ

မော်လမြိုင် – ဖေဖော်ဝါရီ(၂၃) မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်ကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရမှုအပေါ် ဒေါက်တာ အောင်မြတ်ကျော်စိန်ကို သံလွင်တိုင်းမ်က သဘောထားမေးမြန်းရာမှာတော့ “ကျွန်တော်တို့က ဝန်ထမ်းတွေပါ တာဝန်ပေးအပ်ရင်တော့ ထမ်းဆောင်ရမယ်မှာပဲ”လို့…

ရွှေဘို၊ဝက်လက်နဲ့ အရာတော်မြို့နယ်တွေ စစ်အုပ်ချုပ်ရေးမြို့အဖြစ်ထပ်တိုးခံရ

ရွှေဘို – ဖေဖော်ဝါရီ(၂၃) စစ်ကိုင်းတိုင်းအတွင်းက ရွှေဘို၊ဝက်လက်နဲ့ အရာတော် မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်လိုက်ပါတယ်။ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ဖို့အတွက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာတွေကို တပါတည်း ကိုင်တွယ်ကျင့်သုံးနိုင်တဲ့ စစ်အုပ်ချုပ်ရေး အာဏာကို သက်ဆိုင်ရာ တိုင်းမှူးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁၉ အရ အပ်နှံလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ…

မြဝတီတိုက်ပွဲမှာ စစ်ကောင်စီ ဗိုလ်မှူး အပါအဝင် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မြဝတီ – ဖေဖော်ဝါရီ(၂၃) ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါ်လေ ဖလူးလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ မနေ့ ဖေဖော်ဝါရီ (၂၂)ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ် ယာဉ်(၃)စီးဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ…

ရေစကြိုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တာဝေးပစ်ပုခုံးထမ်းလောင်ချာနဲ့တိုက်ခိုက်ခံရ

ရေစကြို – ဖေဖော်ဝါရီ(၂၃) မကွေးတိုင်း၊ရေစကြိုမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပုခုံးထမ်းတာဝေးပစ် လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိ တယ်လို့ Myingyan Black Tiger အဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က ရေစကြိုမြို့နယ် အမှတ်(၂) စည်းပင်သာယာ ရပ်ကွက်မှာ ရှိတဲ့ ရုံးပေါင်းစုံဌာနမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံခဲ့ရတာပါ။ “ဒီ​​ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့…

ကျိုက်ထိုမှာ ကျောင်းအုပ် ဆရာမတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ကျိုက်ထို – ဖေဖော်ဝါရီ(၂၃) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ တဂေးချောင်းကျေးရွာမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ကျောင်းအုပ်ဆရာမတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တဂေးချောင်းကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးဟာ စာသင်ကျောင်းမှာ ရှိနေချိန် လက်နက်ကိုင်ထားတဲ့ အမျိုးသား ၂ ဦးက လာရောက်ဖမ်းဆီးခေါ်သွားပြီး ကျေးရွာသုသာန်မှာ…

ငှက်တုပ်ကွေးရောဂါကြောင့် ကမ္ဘောဒီးယား မိန်းကလေးငယ်တစ်ဦးသေဆုံး

ဖနွမ်းပင်၊ ဖေဖော်ဝါရီ(၂၄) ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်တုတ်ကွေးရောဂါတစ်မျိုးကြောင့် အသက်၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒါဟာနှစ်များစွာအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးရတဲ့ ပထမဆုံးဖြစ်စဉ်လို့ ကျန်းမာရေးအာ ဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နို့တိုက်သတ္တဝါတွေမှာ ကြက်ငှက်တုတ်ကွေးကူးစက်ရောဂါ လတ်တလော ဖြစ်ပေါ်နေမှုကို သတိထားရန် တောင်းဆိုခဲ့ပြီး လူတွေကိုတော့ ကူးစက်နိုင်ချေနည်းပါးကြောင်းလည်း ပြောကြားထားတာပါ။ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကမ္ဘောဒီးယားမိန်းကလေးငယ်တစ်ဦးဟာ ဖျားနာ၊…

သမ္မတပူတင်က တရုတ်နဲ့ ဆက်ဆံရေး ထောက်ခံအားပေးတာကြောင့် မဟာမိတ်တွေ ကာကွယ်ရေး ဆိုင်ရာ အားကောင်းစေမယ်လို့ ကတိပြု

ဝါဆော – ဖေဖော်ဝါရီ(၂၄) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီလ(၂၂) ရက်က ဝါဆောမှာ နေတိုးနဲ့ ဥရောပ ခေါင်းဆောင်တွေ တွေ့ဆုံးပြီး ရုရှားက တရုတ်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့အတွက် မဟာမိတ်တွေဟာ ဘောလ်တစ်ပင်လယ်ကနေ ပင်လယ်နက်အထိ ကာကွယ်ရေးဆိုင်ရာ အားကောင်းစေမယ်လို့ ကတိပြုခဲ့ကြပါတယ်။ သမ္မတဘိုင်ဒန်ဟာ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် တစ်နှစ်နီးပါးကြာ ယူကရိန်းကို ထောက်ခံအားပေးဖို့ နေတိုးအကြီးအကဲ…

လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့ စီရင်ချက် ချခံထားရတဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင် လေးကြိမ် မြောက်ထောင်က လွတ်လာ

ဒေလီ – ဖေဖော်ဝါရီ(၂၄) အိန္ဒိယနိုင်ငံမှာ လူသတ်မှု မုဒိမ်းမှုတွေနဲ့ စီရင်ချက်ချမှတ်ခံထားရတဲ့ ဘာသာရေးခေါင်းဆောင် တစ်ဦးဟာ (၁၂) လတာအတွင်း ထောင်ကနေ (၄) ကြိမ်မြောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနေရတဲ့ နိုင်ငံတွင်း အန္တရာယ်များ တဲ့ သာဓက တစ်ခုဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ လူသန်းပေါင်းများစွာထောက်ခံမှုရရှိထားတဲ့ ဒယ်ရာဆာချာဆောက်ဒါ ဘာသာရေးအဖွဲ့ အကြီး…