February 2023

အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ပြန်လည်ခွင့်ပြုလိုက်ပေမယ့် အဆင်မပြေမှုတွေရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄) စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဖွင့်လှစ်လိုက်တဲ့ နိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းကနေဘွတ် ကင်တင်တဲ့စနစ်ဟာ ကြန့်ကြာမှုတွေနဲ့ အားနည်းချက်တွေကြောင့် သုံးစွဲသူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်တွေကို www.passport.gov.mm ဝက်ဘ်ဆိုက်ကနေ ဘွတ်ကင်တင်ရတာဖြစ်ပြီး အချိန်မရွေးလျှောက်ထားနိုင်တယ်လို့ ဆိုထားပေမယ့် ဒီနေ့နံနက်ပိုင်းမှာ ဝင်ရောက်အသုံးပြုသူတွေ များပြားမှုကြောင့် နာရီပိုင်းအကြာ ခဏ ပိတ်သွားခဲ့ပါသေးတယ်။ “ကျွန်မကပြည်ပမှာ အလုပ်လုပ်ဖို့…

သရက်ချောင်းမှာ အရက်လာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရလို့ (၂) ဦးသေဆုံး

သရက်ချောင်း – ဖေဖော်ဝါရီ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ၊စော်ဖျားကျေးရွာကို အရက်လာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေ ကို ဒေသကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့တဲ့အတွက် (၂) ဦးသေဆုံး ခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်သား(၅) ဦးက ကင်းပတ်ရင်း စော်ဖျားကျေးရွာထဲဝင်လာပြီး အရက်ဝယ်ချိန်မှာ PDF…

မကြာခင် နွေဦးတော်လှန်ရေးရဲ့ အချိုးအကွေ့ကိုရောက်တော့မယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – ဖေဖော်ဝါရီ(၂၄) မတူကွဲပြားမှုတွေနဲ့ ညီညွတ်မှုကို အခြေခံတဲ့ နွေဦးတော်လှန်ရေးဟာ မကြာခင် အချိုးအကွေ့တစ်ခု ကိုရောက်ရှိတော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၃) ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။ “အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံကျသော ရပ်ကျေးအုပ်ချုပ်ရေးနဲ့ မြို့နယ်အဆင့်…

“တကယ်တမ်းတိုင်းပြည်ကို ငြိမ်းချမ်းသာယာပြီးတော့ အေးဆေးတည်ငြိမ်နေတယ်ဆိုရင်တော့ ရှင်းရှင်းလေးပါပဲ။ ဒီအကြမ်း ဖက်စစ်အုပ်စုက သူတို့နဲ့မဆိုင်တဲ့၊ သူတို့မပိုင်တဲ့၊ သူတို့မတရားလုယူနေတဲ့ သူတို့အာဏာကို ပြန်အပ်ပြီးတော့ ဆင်းပေးလိုက်ပါ”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် တိုင်းဒေသကြီးနဲ့ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) အဖြစ် ကြေညာခဲ့တာ အခုဆိုရင် ရက်သတ္တပတ် ၃ ပတ်ထဲ ရောက်လာပြီး ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်ရေးကြေညားထားတဲ့ မြို့နယ်တွေမှာ…

စစ်အာဏာသိမ်း (၇၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၂၆ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၄) AAPP ရဲ့ ဖေဖော်ဝါရီ(၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၅၃)ရက်အတွင်း ပြည်သူ (၃၀၂၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၈၅၂ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၈ ခုအထိ ရှိလာ

နေပြည်တော် ၊ ဖေဖော်ဝါရီ (၂၄) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထုတ်ပြန်ပြီး ၃ ပတ်အတွင်း စစ်ကောင်စီ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ နိုင်ငံ ရေးပါတီ ၈ ခုအထိ ရှိလာတယ်လို့ သိရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအ ဝင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊…

အာဏာသိမ်းစစ်အုပ်စု လေကြောင်းစစ်ဆင်ရေး အရှိန်အမြှင့်တင်လာနိုင်

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၄) တပ်အင်အား ပြုန်းတီးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်း စစ်ဆင်ရေးတွေ ပိုမို အရှိန်အမြှင့်တင်လာနိုင်တယ်လို့ CDM လေတပ်အသိုင်းအ ဝိုင်းကနေ သိရပါတယ်။ စစ်ကောင်စီဟာ စစ်နည်းဗျူဟာအမျိုးမျိုးသုံးပြီး နွေဦးတော်လှန်ရေးကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမယ့် အာဏာသိမ်း၂နှစ်ကျော်ကြာအထိ မအောင်မြင်သေးပါဘူး။ မြေပြင်တိုက်ပွဲတွေမှာ အသာစီးမရသလို တဖြည်းဖြည်းနယ်မြေတွေ လက်လွှတ်လာရတဲ့ စစ်ကောင်စီဟာ…

ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းရောဂါဖြစ်ပြီး (၇) လသားကလေးငယ်တစ်ဦး သေဆုံး

ဖယ်ခုံ၊ ဖေဖော်ဝါရီ(၂၄) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်ဖြစ်တဲ့ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဗူးပြားရွာမှာ ကလေး(၂၀)ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီးအဲဒီထဲက (၇)လအရွယ် ကလေးငယ်တစ်ဦး သေဆုံးထားတယ်လို့ ကူညီနေသူတွေက သံလွင်တိုင်းမ်ကိုပြောပါ တယ်။ ဗူးပြားကျေးရွာကကလေး(၂၀) ကျော်ဟာ ဖေဖော်ဝါရီလအစပိုင်းတည်းက ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြကာ အချိန်မီကုသဖို့ နောက်ကျခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီ လ(၁၄) ရက်မှာတော့ (၇)လအရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတာပါ။ လက်ရှိဝမ်းရောဂါဖြစ်ပွားနေတဲ့ ကလေးတွေဟာ အသက်(၅)…