February 2023

စစ်တပ်မီးရှို့ခဲ့တဲ့ ဆားလင်းကြီးက ပြည်သူတွေကို အခြေခံအသုံးအဆောင်တွေလှူဒါန်း

ဆားလင်းကြီး – ဖေဖော်ဝါရီ(၂၅) စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်တပ်မီးရှို့ခဲ့တဲ့ ကျေးရွာက ပြည်သူတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့မှာ အခြေခံအိမ်သုံးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တစ်အိမ်ထောင်ကို ဒန်အိုး(၁)လုံး၊ဒယ်အိုး(၁)လုံး၊ ဇလုံ(၂)လုံး၊ဇွန်း(၃)ချောင်း၊ကြွေအုပ်(၁)လုံး၊ဖလား(၁)လုံး၊ရေခွက်(၁)လုံး၊ ဆန်(၁) ပြည် နဲ့ ဆီ(၅၀) သားကို အိမ်ထောင်စု (၆၅) စုအတွက်လှူဒါန်းပေးခဲ့တာပါ။ ဒါ့အပြင် အညာပစ်တိုင်းထောင်လေးများအနေနဲ့ ဆားလင်းကြီးမြို့က မီးဘေးသင့်…

ဗကသ ရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်းတစ်နှစ်ပြည့် အခမ်းအနား ပြုလုပ်

မဲဆောက်၊ ဖေဖော်ဝါရီ ၂၅ ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ရင်း အာဏာသိမ်း စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဥက္ကဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့က မဲဆောက်မြို့တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုညီမင်းသူဟာ ပြီးခဲတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ဗကသကျောင်းသားရဲဘော်များ (ယာယီ) တည်းခိုနေထိုင်တဲ့ မရမ်းကုန်းမြို့နယ်…

ဆားလင်းကြီးက မျိုးဆက်သစ်ကျောင်းသားလူငယ်တွေကို ဖက်ဒရယ်ဒီမိုကရေစီအခြေခံဟောပြော

ဆားလင်းကြီး – ဖေဖော်ဝါရီ(၂၅) စစ်ကိုင်းတိုင်း၊ဆားလင်းကြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ရဲ့ ကူညီပေးမှုနဲ့ မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့ဝင်တွေဟာ အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်တွေကို ကျောင်းသားလှပ်ရှားမှုသမိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံအကြောင်းအရာတွေနဲ့အတူ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ပြုမှုနေထိုင်ရမယ့် အခြေခံအချက်တွေကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ အနာဂတ်မျိုးဆက်သစ်ကျောင်းသားတွေကိုအသိပညာပေး ဟောပြောပွဲကို ဒီနေ့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆားလင်းကြီးမြို့နယ် ပ.က.ဖ အဖွဲ့နဲ့ တိုက်နယ်/ကျေးလက် ပ.က.ဖ…

ဂန့်ဂေါမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ လေးဦးသေဆုံး

ဂန့်ဂေါ – ဖေဖော်ဝါရီ(၂၅) မကွေးတိုင်း၊ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့လို့ (၄) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ PDF Gangaw တောင်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့က မြစ်သာတမံဆည်ပေါ်ကထွက်လာတဲ့ အင်အား(၈၉) ဦးပါ ခ.လ.ရ(၅၀) ခြေလျင်တပ်ရင်းရဲ့စစ်ကောင်စီ စစ်ကြောင်းကို မင်းရွာကျေးရွာရဲ့ တောင်ဘက် မှာ တိုက်ခိုက်ခဲ့တာပါ။ “အခုစစ်ကြောင်းထိုးနေတဲ့ကျောက်ထုနယ်ဂန့်ဂေါနယ်က…

ကယားနယ်စပ်မှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရ

လွိုင်ကော် – ဖေဖော်ဝါရီ(၂၅) ထိုင်း-ကယားနယ်စပ် BP-12 နယ်မြေကို ရိက္ခာနဲ့ လက်နက်လာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် တစ်စီးပစ်ခတ်ခံရတာကြောင့် မြေပြင်းမဆင်းသက်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်သွားခဲ့တယ်လို့ ကရင်နီပြည်နယ်စစ်ရေးသင်းအချက်အလက်စင်တာက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့ ညနေ(၃)နာရီကျော်က နယ်စပ်တစ်နေရာတစ် BP-12 အနီး က စစ်ကောင်စီစခန်းတစ်ခုဖြစ်တဲ့ ဟွေခမောက်စခန်း(ပွိုင်-၁၄၄၁) ကို စစ်ကောင်စီရဟတ်ယာဉ် တစ်စီးလာရောက်ခဲ့တာပါ။ အဲဒီရဟတ်ယာဉ်ကို ကရင်နီတပ်မတော်အမှတ်(၁) တပ်ရင်းက…

စစ်ကောင်စီ BGF ပူးပေါင်းတပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

မူတြော်၊ ဖေဖော်ဝါရီ ၂၅ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ BGF ပူးပေါင်းနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ဒီကနေ့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့ မနက်ပိုင်းမှာ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက်(၆)နာရီအချိန်ခန့်က တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ ပူးတွဲနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်ကောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၅) နိုင်ငံရေးပဋိပက္ခတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေဟာ တိကျမှန်ကန်မှုရှိဖို့ အားနည်းချက်တွေရှိတဲ့ အတွက် စာရင်းဇယားအချက်အလက် မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အရေးပေါ်ကာလ ၆ လသက်တမ်းတိုးယူထားပြီးချိန်မှာ အသစ်ထပ်မံဖွဲစည်းတဲ့ ကောင်စီဝင်တွေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က နောက်ဆုံးသန်းခေါင်စာရင်း…

Breaking – ဘုရားသုံးဆူမြို့ပေါ်မှာ တိုက်ပွဲ ပြင်းထန်နေ

ဘုရားသုံးဆူ၊ ဖေဖော်ဝါရီ ၂၅ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲစခန်း မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေထဲမှာရှိတဲ့ ဘုရားသုံးဆူမြို့ ရဲစခန်းဘက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ မနက်(၆)နာရီအချိန်ခန့်စကပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။ ဘုရားသုံးဆူတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က…