February 2023

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာတိုက်ခိုက်ခံခဲ့ရ

မော်လမြိုင် – ဖေဖော်ဝါရီ(၃) အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလရဲ့ လူမှုကွန်ရက် (Facebook) စာမျက်နှာကို မသမာသူတွေက တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့က စစ်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာတစ်နိုင်ငံလုံး အသံတိတ်သပိတ် အောင်ပွဲခံနေစဉ် ည(၇) နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ ရန်သူဘက်က အွန်လိုင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ဖိဖိစီးစီး အားထုတ်လုပ်ဆောင်လာတဲ့ အတွက် ဆိုရှယ်မီဒီယာအသုံးပြုနေကြတဲ့ တော်လှန်ရေး…

ဗလီဗုံးခွဲသူဟာ ရဲယူနီဖောင်းကိုဝတ်ဆင်ခဲ့တယ်လို့ ပါကစ္စတန်ထုတ်ပြန်

ပတ်ရှာဝါ၊ ဖေဖော်ဝါရီ(၃) ပါကစ္စတန်နိုင်ငံ ပတ်ရှာဝါမြို့၊ ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ ဗလီတစ်ခုမှာလူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့တဲ့ အသေခံ ဗုံးခွဲသမားဟာ ရဲယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ပြီး မော်တော်ဆိုင်ကယ်နဲ့ လုံခြုံရေး တင်းကြပ်ထားတဲ့ ဧရိယာအတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ပြည်နယ်ရဲချုပ်က ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ တိုက်ခိုက်မှုနောက်ကွယ်မှ ဗုံးခွဲသူဟာ စစ်သွေးကြွကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့တယ်လို့ ပြည်နယ်ရဲမှူးကပြောကြားခဲ့ပေမယ့်…

အမေရိကန်ကို စစ်ဌာနချုပ်တွေအသုံးပြုခွင့် ဖိလစ်ပိုင်အစိုးရပေးအပ်

မနီလာ – ဖေဖော်ဝါရီ(၃) အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်ရဲ့ နယ်မြေချဲ့ထွင်မှုတွေ တိုးမြင့်လာတာအပြင် ထိုင်ဝမ်အရေး တင်းမာမှုတွေရှိနေတဲ့အတွက် ဖိလစ်ပိုင်အစိုးရဟာ အမေရိကန်ကို သူတို့ရေး စစ်ဌာနချုပ်တွေ အသုံးပြုခွင့်ပေးသွားမယ်လို့ ကာကွယ်ရေးဌာန အကြဲ အကဲက ပြောပါတယ်။ ၂၀၁၄ ခုနှစ်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဆိုင်ရာ သဘောတူညီချက် 2014 Enhanced Defense Cooperation Agreement (EDCA) အရ…

တရုတ်ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ အနေနဲ့ အမေရိကန်က ဆော်လမွန်ကျွန်းစုမှ သံရုံးဖွင့်

ဆော်လမွန် – ဖေဖော်ဝါရီ(၃) အမေရိကန်ပြည်ထောင်စုက ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုအတွက် ဒေသတွင်းမှာ အမေရိကန် – တရုတ် ပြိုင်ဆိုင်မှုရဲ့တစိတ်တပိုင်းအဖြစ် အဲဒီကျွန်းစုမှာ ဆယ်စုနှစ် (၃) ခုအတွင်း သံရုံးဖွင့် လှစ်ခဲ့တယ်လို့ သိရပါတယ်။ Honiara မြို့တော်က သံရုံးဟာ အရင်က ဆော်လမွန်ကျွန်းစုအတွက် အမေရိကန် ကောင်စစ်ဝန် ရုံးဖြစ်ပြီး သံတမန်မရှိခဲ့ဘဲ အဲဒီမြို့မှာ အကြီးဆုံးတရားဝင်အဆောက်အဦးဟာ တရုတ်သံရုံးနဲ့ ဝန်ထမ်းအနည်းငယ်သာ…

ကိုယ်တိုင်မီးရှို့နေတဲ့စစ်တပ်က ပြည်သူ့နေအိမ်တွေမီးရှို့တာ KNU/PDF လို့ ဝါဒဖြန့် အမှန်/အမှား

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “အကြမ်းဖက် KNU/PDF များမှ ကော့ကရိတ်၊ ကျုံဒိုး၊ ကမ်းနီးကို မီးရှို့နေ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…

စစ်အာဏာသိမ်း (၇၃၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၄၈ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၃) AAPP ရဲ့ ဖေဖော်ဝါရီ(၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၃၂)ရက်အတွင်း ပြည်သူ (၂၉၄၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၆၀၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၈၇) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

စစ်ကောင်စီသက်တမ်းထပ်တိုးမှုဟာ ဥပဒေကိုလိုရာဆွဲပြီး အာဏာလုယူမှုလို့ဝေဖန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော် အရေးအပေါ်ကာလကို စစ်ကောင်စီ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်အဝေးကနေ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးပေးလိုက်တာဟာ ဥပဒေကိုလိုရာဆွဲပြီး အာဏာလုယူမှု ဖြစ်တယ်လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း ၂…

သံဖြူဇရပ်မှာ ကားမောင်းသူတစ်ဦးကို စစ်တပ်ကအကြောင်းမဲ့ပစ်ခတ်

သံဖြူဇရပ်၊ ဖေဖော်ဝါရီ(၃) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖေဖော် ဝါရီ ၂ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ သဲကျောက်ကားမောင်းသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် လမိုင်းမြို့နေကိုအောင်နိုင်စိုးဟာ သံဖြူဇရပ်မြို့နယ် ပငကျေးရွာကနေ လမိုင်းမြို့ ဘက်ကို ကားမောင်းပြီးပြန်လာစဉ် စစ်ကား…

ရွေးကောက်ပွဲကို ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဖေဖော်ဝါရီ (၃) အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုးပြီး အာဏာဆက်ယူခဲ့တဲ့ စစ်ကောင်စီက သူတို့ ကျင်းပမယ့် ရွေး ကောက်ပွဲကို တိုင်းဒေသကြီးနဲ့ပြည်နယ် ဒေသအသီးသီးမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေအောင် လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်တပ် အာဏာသိမ်း၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံလို့…

ဘီးလင်းမြို့နယ် ဇုတ်သုတ်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲဖျက်ဆီးခံရ

ဘီးလင်း၊ ဖေဖော်ဝါရီ(၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၁၀ နာရီအချိန်လောက်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးရုံးကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အုပ်ချုပ်ရေးမှူးရုံး အရှေ့တစ်ခြမ်းပြိုကျပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးရုံးကို မိုင်းထောင်ဖောက်ခွဲခံရတာဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက်…