မော်လမြိုင်ရဲဝန်ထမ်းလိုင်းခန်း မိုင်းဖောက်ခွဲခံရ
မော်လမြိုင် – ဖေဖော်ဝါရီ(၆) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် အ.ထ.က(၈) ကျောင်းဘေးက ရဲဝန်ထမ်း လိုင်းခန်းဝင်းကို Dawna Dragon Force ၊ ဇာမဏိပြောက်ကျားအဖွဲ့နဲ့ ကမ်းရိုးတန်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့တိုက မိုင်းဖောက်ခွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၅) ရက်နေ့ ည(၈) နာရီကျော်က ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ မြေကြီးပါတုန်သွားတယ်။…