February 2023

စစ်တပ်မီးရှို့ခဲ့တဲ့ ကျေးရွာကပြည်သူတွေကို အခြေခံအသုံးအဆောင်တွေလှူဒါန်း

ဆားလင်းကြီး – ဖေဖော်ဝါရီ(၆) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ(၂) ရွာက အိမ်ထောင်စု (၁၁၀) ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက အခြေခံ အသုံးအဆောင်တွေလှူဒါန်းခဲ့ပါတယ်။ မီးဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို ဆန်(၂) ပြည်၊ ဆီ(၁)ဗူး နဲ့ အဝတ်အစားတွေ လှူဒါန်းခဲ့သလို ရန်ပုံငွေလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကြောင်းမကြာခဏ…

ဒီပဲယင်းက စစ်ရှောင်ငါးသောင်းကျော် ကျန်းမာရေးပြဿနာအတွက် အခက်ကြုံနေရ

ဒီပဲယင်း၊ ဖေဖော်ဝါရီ(၆) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးသင့်အိမ်ခြေမဲ့ပြည်သူ ငါးသောင်းကျော်ဟာ ဆေးရုံ၊ဆေးပေးခန်း တွေမရှိတော့တာကြောင့် ဆောင်းရာသီကနေ နွေရာသီအကူးရာသီအကူးအပြောင်းကာလမှာ ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရာသီဥတုအပူအအေးကြမ်းတဲ့ အညာဒေသထဲက မြို့နယ်တစ်ခုဖြစ်တဲ့ ဒီပဲယင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ်ခြေတွေအပါအဝင် သစ်ပင်တွေပါ ပျက်ဆီးခဲ့ရတာကြောင့် အခုလို ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားလာကြရတာပါ။ “ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊…

စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် မိုးဗြဲဒေသခံနှစ်ထောင်ကျော်ညတွင်းချင်းထွက်ပြေးနေရ

လွိုင်ကော် – ဖေဖော်ဝါရီ(၆) ကယားပြည်နယ်၊ လွိုင်ကော်ကနေ မိုးဗြဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာနှစ်ရွာက ဒေသခံနှစ်ထောင်ကျော်ဟာ ညတွင်းချင်းထွက်ပြေးခဲ့ရတယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၅) ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးလာမယ့် သတင်းကြောင့် ဝါရီကောခူနဲ့ ပီကင်းကောခူ ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးခဲ့ရဖြစ်ပြီး သူတို့တွေဟာ အရင်ကလည်း စစ်ဘေးရှောင်နေကြရသူတွေဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ…

လက်အောက်ဝန်ထမ်းတွေရဲ့ ချိုးဖောက်ကျုးလွန်မှုတွေကို တာဝန်ယူတဲ့အနေနဲ့ ရာထူးမှနုတ်ထွက်ခဲ့ခြင်း ဖြစ်တယ်လို့ ဗီယက်နမ်သမ္မတဟောင်းပြော

ဟနွိုင်း၊ ဖေဖော်ဝါရီ(၇) ဗီယက်နမ်သမ္မတဟောင်း ငုယင်စောင်ဖူက သူဝန်ကြီးချုပ်ဖြစ်ခဲ့စဉ်က သူ့လက်အောက်မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ အရာရှိဝန်ထမ်းတွေရဲ့ ချိုးဖောက်ကျူးလွန်မှုတွေကိုတာဝန်ယူ တာဝန်ခံတဲ့အနေနဲ့ ရာထူးမှ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ အစိုးရရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာပါ ရေးသားချက်တစ်ခုအရ သိရှိရပါတယ်။ သမ္မတဟောင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ သမ္မတရာထူးနဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ယာယီ သမ္မတအဖြစ် တာဝန်ယူမယ့် ဒုတိယသမ္မတထံကို ရာထူးလွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဟာ သမ္မတဟောင်း ဖူနဲ့…

ယူကရိန်းကာကွယ်ရေးဝန်ကြီးနေရာ ပြောင်းလဲမယ်

ကီးယက်- ဖေဖော်ဝါရီ(၇) ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရီနီကော့ဗ်ရဲ့ နေရာမှာ စစ်ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲနဲ့ အစားထိုးဖို့ စီစဉ်ထားတယ်လို့ သမ္မတ ဇယ်လန်းစကီးနဲ့ နီးစပ်သူတစ်ဦးက ပြောပါ တယ်။ ရီနီကော့ဗ်ကို တခြားဝန်ကြီးရာထူးနေရာပြောင်းပြီး စစ်ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ နဲ့ အစားထိုးမှာဖြစ်တယ်လို့ ပြည်သူ့ပါလီမန်အဖွဲ့ရဲ့ အကြီးတန်းလွှတ်တော်အမတ်နဲ့ အမှုဆောင် အကြီးအကဲ ဒေးဗစ်အရာခမ်းမီးယားက ဆိုခဲ့တာပါ။ ဒီအပြောင်းအလဲဟာ ပြီးခဲ့တဲ့…

ထိုင်းရွေးကောက်ပွဲမှာ ခရိုင်(၇၇)ခုလုံးဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ရွေးကော်နဲ့နီးစပ်သူ ပြော

ဘန်ကောက် – ဖေဖော်ဝါရီ(၇) ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ ထိုင်းနိုင်ငံရှိ ခရိုင်ဒေသန္တရ (၇၇) ခု၊ မဲဆန္ဒနယ် စုစုပေါင်းအရေအတွက် (၄၀၀) လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၃) ရက်နေ့က ထုတ်ပြန်ထားတဲ့ နောက်ဆုံးအချက်အလက်တွေမှာ မဲဆန္ဒ နယ်အားလုံးအနက် နိုင်ငံရေးပါတီတွေဟာ မဲဆန္ဒနယ်(၇၂)…

ကျွန်တော်တို့မှာ တောင့်တင်းခိုင်မာတဲ့တပ်၊ ကျွန်တော်တို့ မွန်အမျိုးသားကို ကာကွယ်နိုင်တဲ့တပ်၊ ကျွန် တော်တို့ မွန်ပြည်နယ်ကို ကာကွယ်နိုင်တဲ့တပ်တွေရှိမှသာ အဲဒီလိုမျိုး ကျွန်တော်တို့ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာ။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ကို စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်ဖွဲ့စည်း ခဲ့တာ ဖြစ်ပြီး အခုဆိုရင် တစ်နှစ်ကျော်ကာလထဲ ရောက်ရှိလာတာပါ။ ဒီတစ်နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ် လာတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်တွေကြောင့် (MSDF) ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊…