ရေဖြူမှာ ဘုန်းကြီးကျောင်းကား ပစ်ခတ်ခံရ၊ ဆရာတော်နေရာမှာတင် ပျံလွန်တော်မူ
ရေဖြူ – ဖေဖော်ဝါရီ(၇) တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် (၂၇)မိုင်နဲ့ နှမ်းကျဲကျေးရွာကြားမှာ ဘုန်းကြီးကျောင်းကား ပစ် ခတ်ခံရပြီး ကားပေါ်ပါ ဆရာတော်ပျံလွန်တော်မူကာ အမျိုးသမီးသေဆုံးပြီး(၆) ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၆) ရက် ညနေပိုင်းက ထားဝယ်ဘက်ကနေ ရေဖြူရွာသစ်ကို သွားတဲ့ ရာဖူးရွာသစ်ကျောင်းဆရာတော်လိုက်ပါလာတဲ့ကားကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခဲ့တာပါ။…