February 2023

စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ် AA စောင့်ကြည့်သွားမယ်လို့ ဦးခိုင်သုခ ဆို

စစ်တွေ – ဖေဖော်ဝါရီ(၂၇) အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရခိုင်ပြည် ခရီးစဉ်မှာ ပြောဆို လုပ်ဆောင်မှုတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့မှာ ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ သတင်းစာရှင်းလင်းပွဲ မှာ အခုလို ပြောခဲ့တာပါ။ “ပြည်သူတွေ ပိတ်ဆို့ကန့်သတ်ခံနေရတာတွေ၊လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းက လွတ်မြောက်ဖို့အတွက် လာရောက်ပြီးတော့ လုပ်ဆောင်ပေးတယ်ဆိုရင်တော့…

တပ်ရင်း(၂၈) ဓားမဆိုင်းတပ်ရင်းကို ဖက်ဒရယ်ဒီမိုကရေစီအခြေခံအကြောင်းအရာတွေ သင်တန်းပေး

ယင်းမာပင် – ဖေဖော်ဝါရီ(၂၇) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) ဓားမဆိုင်းတပ်ရင်းကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ အမျိုးသမီးမဟာမိတ်အင်အားစုတို့ ပူးပေါင်းပြီး အနာဂတ်မျိုးဆက်သစ်လူငယ်တွေဆီကို ဖက်ဒရယ် ဒီမိုကရေစီအကြောင်းအရာတွေနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ ပြုမှုနေထိုင်ရမယ့် အခြေခံအချက်တွေကို မျှဝေခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

SME လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေး စစ်ကောင်စီကြိုးပမ်းမှု အလုပ်မဖြစ်

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၆) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါကြောင့် အထိနာခဲ့တဲ့ အသေးစား၊အလတ်စား SME လုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးရေး စစ်ကောင်စီ ကြိုးပမ်းဆောင်ရွက်နေပေမယ့် အ လုပ်မဖြစ်သေးဘူးလို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ SME လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကုန်ကြမ်းပစ္စည်းဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတာ၊ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့်…

ကျိုက်ထိုက ကျောင်းအုပ်ဆရာမတစ်ဦး ပစ်သတ်ခံရမှု နှစ်ဖက်အပြန်အလှန် စွပ်စွဲ

ကျိုက်ထို၊ ဖေဖော်ဝါရီ(၂၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦး ပစ်သတ်ခံမှုအပေါ် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်အပြန်အလှန် စွပ်စွဲတာတွေ ရှိနေပါတယ်။ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးကို လာရောက် ဖမ်းဆီးခေါ်သွားပြီးနောက် သေနတ်နဲ့…

စာမေးပွဲကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ လျှပ်စစ်မီးမသုံးဖို့ စစ်ကောင်စီကန့်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ(၂၆) တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့ ကာလအတွင်း စီးပွားရေးနဲ့စက်မှုလုပ်ငန်းအားလုံး ညနေ ၅ နာရီ နောက်ပိုင်း လျှပ်စစ်မီးမသုံးဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အားထုတ်လုပ်နိုင်ဖို့နဲ့ သုံးစွဲမှုမမျှတပါက ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။ ဒါကြောင့် အများပြည်သူအုပ်စုအတိုင်း ဓာတ်အားသုံးစွဲနေတဲ့ ရပ်ကွက်/ကျေးရွာအတွင်းရှိ…

ကြက်ငှက်တုပ်ကွေးရောဂါ စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာ

လန်ဒန်၊ ဖေဖော်ဝါရီ(၂၆) လူကိုကူးစက်လာတဲ့ H5N1 ကြက်ငှက်တုပ်ကွေး ဖြစ်စဉ် ၂ ခု ရှာဖွေတွေ့ရှိခဲ့ ပြီးနောက် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ WHO အနေနဲ့ စိုးရိမ်ရတဲ့အခြေအနေအဖြစ် ဖော်ပြထားပြီး ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့ အတူတကွ လုပ်ဆောင်လျှက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ငှက်တွေနဲ့ နို့တိုက်သတ္တဝါတွေမှာ ကူးစက်မှုမြင့်တက်လာခြင်းတွေဟာ စိုးရိမ်ရတဲ့ အခြေအနေလို့ ဖော်ပြထားပြီး မကြာသေးမီအတောအတွင်း ဖြစ်ပေါ်ကူးစက်မှုတွေမှာ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်…

တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ယူကရိန်းသမ္မတစီစဉ်နေ

ပေကျင်း – ဖေဖော်ဝါရီ(၂၆) တရုတ်က စစ်ပွဲအဆုံးသတ်ဖို့ တောင်းဆိုပြီးနောက် ယူကရိန်းသမ္မတဇယ်လန်းစကီးက တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဇယ်လန်းစကီးက ကမ္ဘာစစ်ဖြစ်မယ့် အန္တရာယ်ကို ရှောင်ရှားဖို့ ရုရှားဒါမှမဟုတ် တရုတ်လက်နက် တွေ ထောက်ပံ့မှုကို တားဆီးဖို့ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ ပြောခဲ့ ပါတယ်။ ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရှီကျင့်ဖျင်နဲ့…

ရွေးကောက်ပွဲ သတင်းတု၊သတင်းမှားတွေ နှိမ်နင်းဖို့ ထိုင်းရွေးကော်နဲ့ Tik Tok ပူးပေါင်း

ဘန်ကောက် – ဖေဖော်ဝါရီ(၂၆) ထိုင်းနိုင်ငံရွေးကောက်ပွဲမတိုင်ခင် သတင်းတု၊သတင်းမှားတွေထွက်ပေါ်တာကို တားဆီးဖို့ Tik Tok နဲ့ Facebook လို လူသုံးများတဲ့ ပလက်ဖောင်းတွေနဲ့ မိတ်ဖက်ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲ ဥပဒေတွေကို ဖောက်ဖျက်တဲ့ အကြောင်းအရာတွေကို စောင့်ကြပ်နိုင်ဖို့ ရွေးကောက်ပွဲစင်တာလို့ခေါ်တဲ့ (Feature) ကို ပူးတွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရွေးကော် အထွေထွေအတွင်းရေးမှူး ဆာဝန်ဘွန်မီက…