မော်လမြိုင်မှာ လျှပ်စစ်မီးတစ်ကြိမ်ကို အချိန်( ၂) နာရီသာရမှာဖြစ်လို့ ပိုမိုအခက်ကြုံလာရ
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လျှပ်စစ်မီးဖြန့်ဝေပေးမှုကို အလှည့်ကျစနစ်နဲ့ တစ်ကြိမ်လျှင် အချိန် ၂ နာရီသာ ပေးနိုင်တော့မယ်ဆိုတဲ့ စစ်ကောင်စီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းရဲ့ ထုတ်ပြန်ချက်ကြောင့် ပိုမိုအခက်ကြုံလာရနိုင်တယ်လို့ မြို့ခံတွေနဲ့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ မော်လမြိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာမှာ မော်လမြိုင်မြို့ပေါ်နဲ့ ရပ်ကွက်ကျေးရွာတွေကို အုပ်စု (၃)စု…