တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ နိုင်ငံရေးပါတီတချို့ဆုံးဖြတ်
ရန်ကုန် ၊ ဖေဖော်ဝါရီ (၁၀) စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီတချို့ဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လာကြပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီဆိုရင် မှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်းနဲ့ ရန်ပုံငွေ သိန်းတစ်ထောင်အပါအဝင် ရက်ပေါင်း ၁၈၀…