ကနီမှာ စစ်ကောင်စီ ထောက်ပို့သင်္ဘောကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်
ကနီ – ဖေဖော်ဝါရီ(၁၀) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သပြေတောရွာနားမှာ သောင်တင်နေတဲ့ စစ်ကောင်စီထောက်ပို့ သင်္ဘော တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီသင်္ဘောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၁) ရက်နေ့က ကနီးမြို့နယ်မှာ စတင်သောင်တင်နေတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား (၂၀) ထက်မနည်းသေဆုံးခဲ့တယ်လို့ ဆိုထားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ တခြား…