“ပြည်သူတွေကို လက်နက်တပ်ဆင်ပေးလိုက်တဲ့တာက သူတို့နဲ့ရှိနေတဲ့ ပဋိပက္ခက ပြည်သူအချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခအသွင်မျိုး ရောက်သွားအောင် တမင်ဖန်တီးပြီး လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့တောင် ကျွန်တော်တို့ ဝေဖန်သုံးသပ်လို့ ရကောင်းရနိုင်တယ်”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။ အရပ်သားတွေအပါအဝင် ဝန်ထမ်းတွေပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်ဆောင်ခွင့်မူမှာ ဝန်ထမ်းတွေအပြင် အရပ်သားတွေပါ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်မှုဟာ စစ်ကောင်စီမှာ ဘယ်လို ရည်ရွယ်ချက်တွေရှိနေလဲ။ ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေ၊ နိုင်ငံတကာ လက်နက်ကိုင်ဆောင်ခွင့်မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ…