စစ်ကောင်စီဗဟိုဘဏ်စွပ်စွဲမှုဟာ ဈေးကွက်စီးပွားရေးစနစ်ကို နားမလည်တာလို့ လုပ်ငန်းရှင်တွေဝေဖန်
မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၇) နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်လာအောင် ပို့ကုန်သွင်းကုန်သမားတွေနဲ့ ဘဏ်တွေက လုပ်ဆောင်နေ တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ ဈေးကွက်စီးပွားရေးစနစ်ကို နားမလည်တာ ဖြစ်ပြီး သီအိုရီအရလည်း မှန်ကန်မှုမရှိဘူးလို့ လုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်သွင်းကုန်သမားတွေနဲ့ ဘဏ်တွေက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်အောင် ဆောင်ရွက်နေတယ်လို့ သံသယဖြစ်ဖွယ်တွေ့ရှိရတာကြောင့် ဘဏ်တွေအနေနဲ့ ဝင်ရောက်ထိန်း ကျောင်းဖို့၊ အခုလို…