February 2023

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

တနင်္သာရီ၊ ဖေဖော်ဝါရီ(၁၉) တနင်္သာရီတိုင်းဒေသကြီးရှိ ပုလောနဲ့တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို စစ်အုပ် ချုပ်ရေး ကြေညာပြီးနောက် တပ်အင်အား၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့…

နိုင်ငံအတွင်း မီးမရှို့ရတဲ့ စည်းမျဉ်းတစ်ရပ်ကို ထိုင်းအစိုးရ ထုတ်ပြန်

ဘန်ကောက်၊ ဖေဖော်ဝါရီ(၁၉) ထိုင်းနိုင်ငံအတွင်း တောမီးလောင်ကျွမ်းမှုတွေနဲ့ မီးခိုးတွေမပြန့်ပွားစေဖို့အတွက် ဒေသန္တရအားလုံးမှာ မီးမရှို့ရတဲ့ စည်းမျဉ်းကို ထိုင်းအစိုးရက သုံးလကြာသတ်မှတ်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အဲဒီဥပဒေဟာ ဧပြီလအကုန်အထိ သုံးလကြာ မြင့်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဝန်ကြီးချုပ်ရဲ့ ဒုတိယအထွေထွေ အတွင်း ရေးမှူးနဲ့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ (ယာယီ)…

စစ်ပွဲရဲ့ဆိုးရွားတဲ့ အကျိူးဆက်တွေကို စင်္ကာပူကာကွယ်ရေးဝန်ကြီး သတိပေး

စင်္ကာပူ – ဖေဖော်ဝါရီ(၁၉) အာရှတိုက်အတွင်းက စစ်ပွဲဟာ တိုက်ကြီးအတွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးအတွက်ပါ အပျက်အစီး ဖြစ်စေလိမ့်မယ်လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။ (၅၉) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ ကျင်းပတဲ့ ရေကြောင်းလုံခြုံရေးစာပွဲဝိုင်း မှာကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ အာရှမှာ သူတို့ရဲ့စစ်အင်အားကို တိုးမြင့်လာခဲ့ပြီး ဟန့်တားရေး ကြိုတင်ရောချထားမှုဟာ အသင့်အနေအထားရှိနေတယ်လို့ ဆိုခဲ့တာပါ။ အမေရိကန်၊အိန္ဒိယ၊ဩစတြေးလျ၊ဂျပန်(Quad)နဲ့ အမေရိကန်၊ဩစတြေးလျ၊ယူကေ(AUKUS) တို့ကို ဗျူဟာမြောက်အဖွဲ့တွေ ဖွဲ့စည်းထားတာကို…

တိုင်းပြည်နယ်နိမိတ်ကို တစ်လက်မတောင်အထိခံမှာမဟုတ်ဘူးလို့ သမ္မတမားကိုစ့်ပြော

မနီလာ – ဖေဖော်ဝါရီ(၁၉) နိုင်ငံရဲ့ နယ်နိမိတ်ကို တစ်လက်မတောင် အဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ပြောခဲ့ပြီး အဲဒီမှတ်ချက်ဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ ရေ ကြောင်းရေးရာ တင်မာမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းရိုန်းတန်းကို စောင့်ကြပ်ရေးအဖွဲ့နဲ့ ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမားတွေကို ဆန့်ကျင်ဟန့်တားတဲ့ တရုတ်ရဲ့ လုပ်ရပ်တွေဟာ…

ရေးမြို့နယ်မှာ မိုင်းမြှုပ်မိုင်းနင်းမိသူ ၄ ဦးအထိရှိလာ

ရေး၊ ဖေဖော်ဝါရီ(၁၉) မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၈ ရက်နေ့ကနေ အခုဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ၃ ပတ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူ ၄ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ဒေသခံတွေဟာ ရေးမြို့နယ် လမိုင်းမြို့၊ ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းအနီး ဖြတ်သန်းသွားလာစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်…

စစ်ကောင်စီမီးရှို့ခဲ့တဲ့ ကျေးရွာကို အခြေခံလူသုံးကုန်ပစ္စည်းတွေလှူဒါန်း

ယင်းမာပင် – ဖေဖော်ဝါရီ(၁၈) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ မီးဘေးသင့် ကျေးရွာ တစ်ရွာကို ပြည်သူမှ ပြည်သူတို့ ပရဟိတအဖွဲ့နဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ကော်မတီတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မီးဘေးသင့်ပြည်သူတွေကို ထမင်းချက်ဒန်အိုးတစ်လုံး၊ကြွေဇလုံတစ်လုံး၊ဇလုံတစ်လုံး၊ ဇွန်း ငါးချောင်း၊ ဆန်နှစ်ပြည်နဲ့ ဆီတစ်ဘူး ထောက်ပံ့ပေးခဲ့တာပါ။ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံက မြို့နယ်ပေါင်း (၃၇) မြို့နယ်မှာ စစ်အုပ်ချုပ်ရေး…

ကျွန်တော်တို့က ဘယ်လိုပဲ အသွင်တွေအမျိုးမျိုးနဲ့ ရှိနေကြသော် လည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ခုနက ပြောသလိုပဲ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။

အပစ်ရပ် ၇ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။ တစ်နိုင်ငံလုံး ပစ်ခတ်မှုတိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် ၇ ဖွဲ့ဟာ အားလုံးပါဝင်တဲ့ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းရေးမူကို ဆက် လက်စွဲကိုင်ထားသလို တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ ကြိုးပမ်းတာတွေလည်း…

ရိုဟင်ဂျာဒုက္ခသည် ၆၉ ဦးထက်မနည်း တင်ဆောင်လာတဲ့ လှေတစ်စီး အင်ဒိုနီးရှားကမ်းရိုးတန်းမှာ ဆိုက်ကပ်

ဂျာကာတာ၊ ဖေဖော်ဝါရီ(၁၈) ရိုဟင်ဂျာဒုက္ခသည် (၆၉) ဦးထက်မနည်းတင်ဆောင်လာတဲ့ လှေတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အနောက် ဘက်ကမ်းရိုးတန်းမှာ ဖေဖော်ဝါရီ(၁၆)ရက်နေ့က ဆိုက်ကပ်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လှေပေါ်ပါလာသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအများဆုံး ဖြစ်နေပြီး UNHCR အရာရှိရဲ့ ပြောကြား ချက်အရ အဲဒီလှေဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံး အာချေးပြည်နယ် ကမ်းခြေတစ်ခုမှာ ဆိုက်ရောက်…