February 2023

ပုလောမြို့နယ် ကဒဲရွာမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၁၆၀ ကျော်အထိရှိလာ

ပုလော၊ ဖေဖော်ဝါရီ(၂၁) အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ နယ်၊ ကဒဲကျေးရွာမှာ မီးလောင်ပျက်စီးသွားတဲ့ နေအိမ် ၁၆၅ လုံးအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း(၁)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကဒဲကျေးရွာထဲကို တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့…

ကျောက်ထုအုပ်ချုပ်ရေးက ဆန်စပါးတွေကို မတ်လကစပြီး ပြင်ပရောင်းချခွင့်ပိတ်ပင်

ကျောက်ထု – ဖေဖော်ဝါရီ(၂၀) မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်အတွင်းက ဆန်စပါးနဲ့ ဆန်ကွဲတွေကို လာမယ် မတ်လ(၁) ရက်နေ့ကစပြီး တိုက်နယ်ပြင်ပကို သယ်ယူရောင်းချခွင့်ပိတ်ပင်လိုက်တယ်လို့ ကျောက်ထု တိုက်နယ် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကကြေညာလိုက်ပါတယ်။ လက်တလောမှာ စစ်ကောင်စီက ကျောက်ထုတိုက်နယ်ကို ဖြတ်လေးဖြတ်လုပ်ထားတာကြောင့် ဆန်ပေါများတဲ့ ဒေသတွေကနေ ကျောက်ထုတိုက်နယ်အတွင်းကို ဆန်သယ်ယူချိန်မှာ အခက်အခဲ တွေဖြစ်နေတဲ့အတွက် အခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ “အစည်းအဝေး ဆုံးဖြတ်ချက်ချဖြစ်ပုံက…

အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူလက်တွဲဆောင်ရွက်မယ်လို့ ချင်းအမျိုးသားနေ့ကို NUG သဝဏ်လွှာပေးပို့

မော်လမြိုင် – ဖေဖော်ဝါရီ(၂၀) စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် အတူတကွ လက်တွဲဆောင်ရွက်သွားမယ်လို့ (၇၅) နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၂၀) ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် ပေးပို့ တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို မြစ်ဖြတ်ချေမှုန်းဖို့…

သထုံမြို့နယ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့ KNU ပြော

သထုံ – ဖေဖော်ဝါရီ(၂၀) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ရွာသစ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ သထုံဘက်နေ ဘီးလင်းမြို့နယ်ဘက်ကို…

ကယားနယ်စပ်ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ခွဲမှုးအပါအဝင် ငါးဦးအရှင်ဖမ်းမိ

မိုးဗြဲ – ဖေဖော်ဝါရီ(၂၀) ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်တစ်နေရာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် (၅) ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိထားတယ်လို့ KA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၉) ရက်နေ့က ကယားပြည်နယ် နယ်စပ်တစ်နေရာကို ရိက္ခာပို့ဆောင်ဖို့ လာတဲ့ စစ်ကောင်စီ အင်အား(၃၀)ပါ ခလရ(၅၄) တပ်ကို ဟွေ့မာကော်နဲ့…

ကဒဲကျေးရွာက နေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

ပုလော၊ ဖေဖော်ဝါရီ(၁၉) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် ဒေသခံနေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန် ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကဒဲကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက်…

“ကယား(ကရင်နီ)ပြည်နယ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲ”

လွိုင်ကော်၊ ဖေဖော်ဝါရီ(၁၉) လက်နက်ကိုင်တော်လှန်မှုတွေကြောင့် ပြည်နယ်တစ်ခုလုံး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယား(ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်လှုပ်ရှားစရာနယ်မြေက ကျဉ်းမြောင်းလာတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ဘောလခဲ၊ ရှားတောနဲ့ဖရူဆိုမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီမော့ဆိုမြို့နယ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အာဏာသိမ်းစကနေ အခုချိန်ထိတိုက်ပွဲတွေ ပြင်းထန်နေဆဲ…

ထိုင်းနိုင်ငံမှာ မြန်မာ MOU လုပ်သားတွေ အလုပ်အကိုင်အပြင် လစာမရတဲ့ ပြဿနာနဲ့ပါ ကြုံနေရ

မြဝတီ၊ ဖေဖော်ဝါရီ(၁၉) ထိုင်းနိုင်ငံထဲကို တရားဝင် MOU စာချုပ်နဲ့ ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာအလုပ် အကိုင်မရရှိတာ၊ လစာမရတာအပြင် စာချုပ်ပါအလုပ်အတိုင်း လုပ်ခွင့်မရတဲ့ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် မေလကစပြီး MOU စနစ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေတစ်ဆင့် ပြန်လည်ပို့ဆောင်လာခဲ့တာပါ။ ဒါပေမယ့် ထိုင်းနိုင်ငံအတွင်းကို…