ဝါရှင်တန် – ဖေဖော်ဝါရီ(၂၈)
ယူကရိန်းနိုင်ငံကို ရုရှားရဲ့ ကျူးကျော်မှုကို ထောက်ပံ့ဖို့ လက်နက်ထောက်ပံ့တာဟာ ကြီးမားတဲ့ အကျိုးဆက်တွေဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံကို အမေရိကန်က သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ရုရှားကို စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးအပ်တာမ လုပ်ဖို့ တရုတ်နိုင်ငံကို တားဆီးဖို့ ကြိုးပမ်းနေပြီး တရုတ်က မောင်းသူမဲ့ လေယာဉ်တွေအပါ အဝင် လူသတ်ကိရိယာတွေ ပေးအပ်ဖို့ စဉ်းစားနေတယ်လို့ သူတို့ရဲ့ ထင်မြင်ယူဆချက်ကို မှတ်ချက် ပေးထားပါတယ်။
ယူကရိန်းက တိုက်ပွဲတင့်ကားတွေ အပါအဝင် အနောက်နိုင်ငံရဲ့ အဆင့်မြင့်လက်နက်တွေနဲ့ တန်ပြန်ထိုးစစ်ကို ပြင်ဆင်နေချိန် ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ အဓိက ပစ်မှတ် နေရာတွေကို အရယူဖို့ ကြိုးပမ်းနေတဲ့အတွက် ရုရှားစစ်တပ်ကိုလက်နက်တပ်ဆင်ပေးဖို့ တရုတ် နိုင်ငံက ကူညီပေးမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေတာပါ။
“ဘေဂျင်းက စစ်ရေးအကူအညီပေးသည်ဖြစ်စေ မည်ကဲ့သို့လုပ်ဆောင်မည်ကို ၎င်း၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်ရမှာ ဖြစ်ပေမယ့် အဲဒီပုံစံအတိုင်းသွားပါက တရုတ်နိုင်ငံသို့အမှန် တကယ်တန်ကြေး တန်ပြန် ရောက်ရှိလာလိမ့်မယ်” လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံ ပေး ဂျိတ်ဆူလီဗန်က CNN သို့ ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ G-20 အဖွဲ့ရဲ့ အစည်းအဝေးမှာ မော်စကိုရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုကို ရှုတ်ချဖို့ ပေကျင်းက ငြင်းဆိုခဲ့ပြီး ယူကရိန်းကို ရုရှားကျူးကျော်မှုရဲ့ ပထမဆုံး နှစ်ပတ်လည်နေ့ဖြစ်တဲ့နေ့မှာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပေမယ့် ကမ်းလှမ်းချက်ဟာ ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေကြားမှာ သံသယဖြစ်စရာတွေနဲ့ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။
“သတင်းတွေကြားရတော့ အဲဒါတွေက မှန်သလားတော့မသိပါဘူး၊ တရုတ်က ငြိမ်းချမ်းရေး
အစီအစဉ်ကို တင်ပြနေချိန်မှာပဲ ရုရှားကို ကာမီကာဇီ ဒရုန်းတွေကို ထောက်ပံ့ပေးဖို့ စီစဉ်နေတာ ကြောင့် တရုတ်ရဲ့ စကားလုံးထက် သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်” လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးက ဂျာမန်လူထုရုပ်သံဌာနကို ပြောခဲ့ပါ တယ်။
CIA ညွှန်ကြားရေးမှူး ဝီလျံဘန်းစ်က တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး လေးလေးနက်နက်ပြောဆိုခဲ့ပြီး အမေရိကန် ထောက်လှမ်းရေး အေဂျင်စီဟာ တရုတ်ခေါင်းဆောင်တွေက သေစေတက်တဲ့ စက်ကိရိယာတွေထောက်ပံ့ပေး ဖို့ စဉ်းစားနေတာကို ယုံကြည်ပါတယ်လို့ ဆိုပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် မိုက်ကယ် မက်ကောလ်က မောင်းသူမဲ့ လေယာဉ်တွေကို ရုရှားဆီ ပေးပို့ဖို့ တရုတ်က စဉ်းစားနေတဲ့ လက်နက်တွေထဲမှာ ပါဝင်တယ်လို့ အစီရင်ခံချက်တွေကို ကိုးကား ပြီးသူက ပြောပါတယ်။
သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်ဟာ လာမယ့် သီတင်း ပတ်က ရုရှားနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ မက်ကောလ်က ပြောပါသေးတယ်။
“သူတို့မှာ ပန်းတိုင်တစ်ခုရှိတယ် အရင်ဆိုဗီယက်ယူနီယံနဲ့ သူ့ရဲ့အခြေခံအစိတ်အပိုင်းဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းကို ဖျက်သိမ်းဖို့ ဖြစ်တယ်” လို့ သမ္မတ ပူတင်က Rossiya 1 နိုင်ငံပိုင်ရုပ် မြင်သံကြားသို့ ပြောခဲ့ပါတယ်။
နေတိုးနဲ့ အနောက်အုပ်စုတို့က ယူကရိန်းကို လက်နက်နဲ့ တခြားအကူအညီတွေ ပေးအပ်မယ့် သူတို့ရဲ့ ရည်ရွယ်ချက်မှာ ရန်စမရှိတဲ့ ကျူးကျော်တိုက်ခိုက်မှုကို ကာကွယ်ဖို့ ယူကရိန်းနိုင်ငံကို ခုခံကာကွယ်ဖို့ အကူအညီတွေပေးအပ်ဖို့ ဖြစ်တယ်လို့ ဆိုပြီး နေတိုးနဲ့ အနောက်အုပ်စုတို့က ငြင်းဆိုထားပါတယ်။
ဒါပေမယ့် ပူတင်က ရုရှားနိုင်ငံရဲ့ တည်ရှိမှဒကို ခြိမ်းခြောက်မှုအဖြစ် စစ်ပွဲကို ဘောင်ခတ်ခဲ့ကာ ကရင်မလင်ရဲ့ အကြီးအကဲအဖြစ် နျူကလီးယားလက်နက်တွေအပါအဝင် ဖြစ်နိုင်တဲ့ လက်နက် အမျိုးအစားတွေကို တစ်နေ့မှာ အသုံးပြုနိုင်တဲ့ အခွင့်အရေးကို ပိုမိုရရှိစေတာဖြစ်ပါတယ်။
ပူတင်ရဲ့ မဟာမိတ်တစ်ဦးဖြစ်သူ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ယူကရိန်းကို အနောက် နိုင်ငံတွေက လက်နက်တွေထောက်ပံ့ပေးတာဟာ ကမ္ဘာ့နျူကလီးယား ကပ်ဘေး အန္တရာယ်ကျရောက်စေတယ်လို့ ပြောထားပါတယ်။
Ref: Reuters