February 27, 2023

အီတလီမှာ ရွှေ့ပြောင်းနေထိုင်သူတွေတင်ဆောင်လာတဲ့ သင်္ဘောနစ်မြုပ်၊ ကလေးငယ် ၁၂ ဦး အပါအဝင် အနည်းဆုံး ၅၉ ဦး သေဆုံးခဲ့

ကာလာဗရီယာ၊ ဖေဖော်ဝါရီ(၂၈) အီတလီနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးမှာ ဖေဖော်ဝါရီ(၂၆)ရက်နေ့အစောပိုင်းက ရွှေ့ပြောင်းနေထိုင် သူတွေကို တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ ကလေးငယ် ၁၂ ဦးအပါအဝင် အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အာဖဂန်နစ္စတန်၊ အီရန်နှင့် အခြားနိုင်ငံတွေက လူတွေကို တင်ဆောင်လာတဲ့ တူရကီကနေ ရွက်လွှင့်လာတဲ့ အဲဒီသင်္ဘောဟာ ကာလာဗရီယာ အရှေ့ဘက်ကမ်းရိုးတန်းမှာ…

ပလတ်စတစ်ဆာဂျူရီလုပ်ပြီးရုပ်ပြောင်းထားတဲ့ ထိုင်းမူးယစ်ရာဇာတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းမိ

ဘန်ကောက် – ဖေဖော်ဝါရီ(၂၈) ပလတ်စတစ်ဆာဂျူရီပြုလုပ်ကာ ချောမောလှပတဲ့ ကိုရီးယားမင်းသားပုံစံ ရုပ်ဖျက်ထားတဲ့ ထိုင်းမူးယစ်ဘုရင်တစ်ဦးကို ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။ မျက်နှာကို အကြိမ်းပေါင်းများစွာပြင်ဆင်ခဲ့တဲ့ အသက်(၂၅) နှစ်အရွယ်ဆာရာဟတ် ဆဝန်ဂျင် ဟာ စုံထောက်တွေဆီက ရှောင်ကွင်းသွားနိုင်ဖို့အတွက် သူရဲ့အမည်ကို ဂျီမင်ချန်းအဖြစ် ပြောင်း လဲခဲ့သေးတာပါ။ သူဟာ Ecstasy ဒါမှမဟုတ် Molly လို့ လူသိများတဲ့…

ရုရှားကိုလက်နက်အကူအညီမပေးဖို့ အမေရိကန်က တရုတ်ကိုသတိပေး

ဝါရှင်တန် – ဖေဖော်ဝါရီ(၂၈) ယူကရိန်းနိုင်ငံကို ရုရှားရဲ့ ကျူးကျော်မှုကို ထောက်ပံ့ဖို့ လက်နက်ထောက်ပံ့တာဟာ ကြီးမားတဲ့ အကျိုးဆက်တွေဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံကို အမေရိကန်က သတိပေးလိုက်ပါတယ်။ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ရုရှားကို စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးအပ်တာမ လုပ်ဖို့ တရုတ်နိုင်ငံကို တားဆီးဖို့ ကြိုးပမ်းနေပြီး တရုတ်က မောင်းသူမဲ့ လေယာဉ်တွေအပါ အဝင် လူသတ်ကိရိယာတွေ ပေးအပ်ဖို့ စဉ်းစားနေတယ်လို့ သူတို့ရဲ့…

ထီးလင်းစစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေ

ထီးလင်း – ဖေဖော်ဝါရီ(၂၇) မကွေးတိုင်း ထီးလင်းနယ်က စစ်ဘေးရှောင်တွေအတွက် ဆေးဝါးပစ္စည်း၊ ကလေးအသုံးဆောင် တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောင်းတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ(၆) ရွာက ပြည်သူတွေ အတွက်လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ “အမြဲတမ်းစစ်ဘေးရှောင်တွေပေါ့။လွန်ခဲ့တဲ့ရှစ်လလောက်ကစပြီးစစ်ဘေးရှောင်နေရတာပါ။ ဆေးဝါး၊အမိုးအကာနဲ့ စားနပ်ရိက္ခာလူသုံးကုန်ပစ္စည်းတွေ လိုအပ်နေပါတယ်။ယောအလင်းတန်း လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့်လည်းလှူဒါန်းနိုင်ပါတယ်”လို့ စစ်ဘေးရှောင်အရေးကူညီနေ သူတစ်ဦးက ပြောပါတယ်။…

စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ် AA စောင့်ကြည့်သွားမယ်လို့ ဦးခိုင်သုခ ဆို

စစ်တွေ – ဖေဖော်ဝါရီ(၂၇) အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရခိုင်ပြည် ခရီးစဉ်မှာ ပြောဆို လုပ်ဆောင်မှုတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့မှာ ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ သတင်းစာရှင်းလင်းပွဲ မှာ အခုလို ပြောခဲ့တာပါ။ “ပြည်သူတွေ ပိတ်ဆို့ကန့်သတ်ခံနေရတာတွေ၊လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းက လွတ်မြောက်ဖို့အတွက် လာရောက်ပြီးတော့ လုပ်ဆောင်ပေးတယ်ဆိုရင်တော့…

တပ်ရင်း(၂၈) ဓားမဆိုင်းတပ်ရင်းကို ဖက်ဒရယ်ဒီမိုကရေစီအခြေခံအကြောင်းအရာတွေ သင်တန်းပေး

ယင်းမာပင် – ဖေဖော်ဝါရီ(၂၇) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) ဓားမဆိုင်းတပ်ရင်းကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ အမျိုးသမီးမဟာမိတ်အင်အားစုတို့ ပူးပေါင်းပြီး အနာဂတ်မျိုးဆက်သစ်လူငယ်တွေဆီကို ဖက်ဒရယ် ဒီမိုကရေစီအကြောင်းအရာတွေနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ ပြုမှုနေထိုင်ရမယ့် အခြေခံအချက်တွေကို မျှဝေခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ