SME လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေး စစ်ကောင်စီကြိုးပမ်းမှု အလုပ်မဖြစ်
မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၆) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါကြောင့် အထိနာခဲ့တဲ့ အသေးစား၊အလတ်စား SME လုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးရေး စစ်ကောင်စီ ကြိုးပမ်းဆောင်ရွက်နေပေမယ့် အ လုပ်မဖြစ်သေးဘူးလို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ SME လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကုန်ကြမ်းပစ္စည်းဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတာ၊ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့်…