A smartphone with a displayed TikTok logo is placed on a computer motherboard in this illustration taken February 23, 2023. REUTERS/Dado Ruvic/Illustration

ဘန်ကောက် – ဖေဖော်ဝါရီ(၂၆) 

ထိုင်းနိုင်ငံရွေးကောက်ပွဲမတိုင်ခင် သတင်းတု၊သတင်းမှားတွေထွက်ပေါ်တာကို တားဆီးဖို့ Tik Tok နဲ့ Facebook လို လူသုံးများတဲ့ ပလက်ဖောင်းတွေနဲ့ မိတ်ဖက်ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ 

ရွေးကောက်ပွဲ ဥပဒေတွေကို ဖောက်ဖျက်တဲ့ အကြောင်းအရာတွေကို စောင့်ကြပ်နိုင်ဖို့ ရွေးကောက်ပွဲစင်တာလို့ခေါ်တဲ့ (Feature) ကို ပူးတွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရွေးကော် အထွေထွေအတွင်းရေးမှူး ဆာဝန်ဘွန်မီက ပြောခဲ့ပါတယ်။ 

အဲဒီ Feature ကို သတင်းအချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာဖို့နဲ့ လမ်းလွဲဦးဆောင်မှုပေးနိုင်တဲ့ နိုင်ငံရေးအကြောင်းအရာတွေကို ကြည့်ရှုနိုင်ဖို့ အသုံးပြုသွားမှာပါ။ 

Tik Tok အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကြောင်းအရာတွေကို ငွေပေးကြေငြာတွေ ပိတ်ပင်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံမှုဆိုတဲ့ အစီအစဉ်ကို ပလက်ဖောင်းမှာ ထည့်သွင်းထားပေးမှာဖြစ်သလို အဲဒီကတဆင့် သုံးစွဲသူတွေဟာ အကြောင်းအရာတွေကို စောင့်ကြည့်သူတွေဆီ ပေးပို့တိုင်ကြားနိုင်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ Tik Tok လူထုဝါဒ ရေးရာအကြီးအကဲ မစ္စချန်ဒီယာက ပြောခဲ့ပါတယ်။ 

လက်ရှိမှာတော့ ထိုင်းလွှတ်တော်တွေကို တရားဝင်ဖျက်သိမ်းထားတာမရှိသေးပေမယ့် ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးပါတီတွေဟာ လူမှုကွန်ရက်တွေကတဆင့် မဲဆွယ် စည်းရုံးနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ 

အောက်လွှတ်တော်စာရင်းဝင်တဲ့ နိုင်ငံရေးပါတီ (၁၀၀) အပါအဝင် လွှတ်တော်ထိုင်ခုံ (၅၀၀) အတွက် နိုင်ငံရေးပါတီ(၈၀) ကျော်ရဲ့ ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါ တယ်။ 

“(Tik Tok) နှင့် ပူးပေါင်းဆောင်ရွက်မှုက ပြည်သူများအနေနဲ့ မှန်ကန်စွာ ဆုံးဖြတ်ပြီး မဲပေးရွေးချယ်နိုင်ဖို့ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်ကို ဖြန့်ဖြုူးနိုင်ရေးလို့ဆို့တဲ့ ကျနော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်သွားမှာပါ” လို့ ထိုင်းရွေကော် အထွေထွေအတွင်းရေးမှူး ပြောခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ လူဦးရေ(၅၂.၃) မီလျံဟာ လူမှုကွန်ရက်ကို အမြဲတစေသုံးစွဲသူတွေဖြစ်ပြီး နိုင်ငံ လူဦးရေရဲ့ (၇၂) ရာခိုင်နှုန်းရှိကာ Facebook၊Line နဲ့ Tik Tok တို့ဟာ ပိုမိုရေပန်းစားတယ်လို့  We Are Social and Meltwater ကအစီရင်ခံစာထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ထိုင်းရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူး မစ္စတာ ဆာဝန်က ရွေးကော် အနေနဲ့ Facebook၊ Google တို့နဲ့ပူးပေါင်းဆောင်ရွက်မှုရရှိဖို့အတွက် နည်းလမ်းရှာဖွေနေတယ် လို့ ဆိုပါတယ်။ 

“ကျွန်ုပ်တို့အနေနဲ့ က နိုင်ငံရေးကမ်ပိန်းတွေမှာ အတိအကျထင်ရှားတဲ့ လူမှုကွန်ရက်တွေကို အာရုံထားပါတယ်။ နိုင်ငံရေးပါတီတွေဘက်ကလည်း အတော်လေး ဂရုစိုက်တာမို့ အဲဒီအခြေ အနေကို ကျွန်ုပ်တို့ သိပ်မပူပန်ပေမယ့် သူတို့ကို အားပေးထောက်ခံသူတွေကိုတော့ ပိုပြီးတော့ စိုးရိမ်မိတာပါ” လို့ မစ္စတာ ဆာဝန်က ပြောပါတယ်။ 

နိုင်ငံရေးကမ်ပိန်းဆိုင်ရာ ဥပဒေတွေချိုးဖောက်နိုင်တဲ့ အွန်လိုင်းအရောင်းအရာတွေကို တရား နည်းလမ်းကျ ဆောင်ရွက်နိုင်ဖို့ ၂၀၁၉ ရွေးကောက်ပွဲ မတိုင်ခင်တည်းက ပုံဖော်ထားတဲ့ “war room” အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်က ဆိုထားပါ တယ်။  

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.