နေပြည်တော်၊ ဖေဖော်ဝါရီ(၂၅)

နိုင်ငံရေးပဋိပက္ခတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေဟာ တိကျမှန်ကန်မှုရှိဖို့ အားနည်းချက်တွေရှိတဲ့ အတွက် စာရင်းဇယားအချက်အလက် မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အရေးပေါ်ကာလ ၆ လသက်တမ်းတိုးယူထားပြီးချိန်မှာ အသစ်ထပ်မံဖွဲစည်းတဲ့ ကောင်စီဝင်တွေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က နောက်ဆုံးသန်းခေါင်စာရင်း ကောက်ယူခဲ့တာ ဆယ်နှစ်နီးပါးကြာပြီဖြစ်လို့ အ ချက်အလက်မှန်ကန်ရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူဖို့လိုကြောင်းနဲ့ ပြန်လည်ကောက်ယူနိုင်မှသာ မဲစာရင်းမှန်နိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ၆ လတာအတွင်း နိုင်ငံတော်အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအရဆောင် ရွက်ဖို့ရှိတဲ့ ကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေမှာဖြစ်ပြီး စစ်ကောင်စီကနေ အသစ်ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဦးတည် ချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းရမှာဖြစ်တယ်လို့လည်း သူကပြောဆိုပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က တစ်ချို့သော EAO တွေနဲ့ PDF အမည်ခံအဖွဲ့တွေရဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း ရာနှုန်းပြည့်တည်ငြိမ်အေးချမ်းမှုမရှိတာကို တွေ့ရှိရပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါသေးတယ်။

တည်ငြိမ်အေးချမ်းမှုရှိဖို့ တချို့မြိုနယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး တည်ငြိမ်ရေးကို ဦးစား ပေး ဆောင်ရွက်နေသလို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တာဟာ ပြည်သူတွေကို ထိန်းချုပ်ကန့်သတ်တာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

အတိုက်အခံအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ အကြောင်းပြပေမယ့် စစ်အုပ်ချုပ်ရေးသတ်မှတ်ခံထားရတဲ့ မြို့နယ်အတွင်းရှိ လူထုတွေကတော့ မလုံခြုံမှုနဲ့ လူမှုဒုက္ခ အကျပ်အတည်း တွေကို ပိုမိုတွေ့ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ဖွင့်ဟကြပါတယ်။

စစ်ခေါင်းဆောင်ကတော့ တည်ငြိမ်အေးချမ်းမှုကို အလေးထားလုပ်ဆောင်ဖို့လိုအပ်ပြီး လုံခြုံရေး၊တည် ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တည်ငြိမ်မှုရှိဖို့ လိုအပ်တဲ့ဒေသတွေမှာ ပိုမိုအလေးထား ဆောင် ရွက်သွားဖို့ကိုလည်း မှာကြားခဲ့တာာပါ။

ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ မြို့နယ် ၁၃၂ ခုအတွင်း တည်ငြိမ်မှုမရှိကြောင်း စစ်ခေါင်းဆောင်က ဝန်ခံထားပြီး လက်ရှိအချိန်ထိ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၇ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေကို စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီသက်တမ်းတိုးယူထားတဲ့ ဒီ ၆ လအတွင်း စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကြား ပြည်တွင်းစစ်မီး အရှိန်မြင့်တောက်လောင်လာနိုင်ပြီး ဒေသခံပြည်သူတွေ ပိုမိုထိခိုက်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.