ပေကျင်း – ဖေဖော်ဝါရီ(၂၆)
တရုတ်က စစ်ပွဲအဆုံးသတ်ဖို့ တောင်းဆိုပြီးနောက် ယူကရိန်းသမ္မတဇယ်လန်းစကီးက တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဇယ်လန်းစကီးက ကမ္ဘာစစ်ဖြစ်မယ့် အန္တရာယ်ကို ရှောင်ရှားဖို့ ရုရှားဒါမှမဟုတ် တရုတ်လက်နက် တွေ ထောက်ပံ့မှုကို တားဆီးဖို့ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ ပြောခဲ့ ပါတယ်။
ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သူက သတင်းထောက်တွေကိုပြောခဲ့တာပါ။
ဇယ်လန်းစကီးက ရှီနဲ့ တွေ့ဆုံဖို့ အချိန်မဲ့ နေရာကို ထုတ်ဖော်ပြောဆိုခဲ့တာမရှိပေမယ့် ကမ္ဘာ့လုံခြုံရေး အတွက် အရေးကြီးပြီး တရုတ်နိုင်ငံက တရားမျှတတဲ့ ငြိမ်းချမ်းရေးနဲ့ ယူကရိန်းနိုင်ငံကို ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။
“ရုရှားကို တရုတ်က လက်နက်တွေ ထောက်ပံ့မှာ မဟုတ်ဘူးလို့ ကျွန်တော် တကယ်ကို ယုံကြည် ချင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်” လို့ဇယ်လန်းစကီး က ပြောပါ တယ်။
တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ကို ထုတ်ပြန်လိုက်တဲ့အတွက် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ အစောပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အရေးတကြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အနောက်အင်အားကြီးအုပ်စုအများအပြားက ဒီအဆိုပြုချက်ကို ငြင်းဆိုခဲ့ပြီး ရုရှားနဲ့ တရုတ်တို့ရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို သတိပေးခဲ့ကြပါတယ်။
သမ္မတ ဇယ်လန်းစကီးကတော့ နယ်မြေ ကျူးကျော်အတိုက်အခိုက်ခံနေရတဲ့ နိုင်ငံကသာ ငြိမ်းချမ်းရေး အစပျိုးမှုတွေကို စတင်နိုင်ဖို့ ယုံကြည်တယ်လို့ ဆိုထားပါတယ်။
ရုရှားနဲ့ မဟာဗျူဟာကျတဲ့ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းကာ တရုတ်ဟာ ယူကရိန်းပဋိပက္ခမှာ ကြားနေအဖြစ် ရပ်တည်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
Ref : CNA