ဆားလင်းကြီး – ဖေဖော်ဝါရီ(၂၅)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ရဲ့ ကူညီပေးမှုနဲ့ မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့ဝင်တွေဟာ အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်တွေကို ကျောင်းသားလှပ်ရှားမှုသမိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံအကြောင်းအရာတွေနဲ့အတူ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ပြုမှုနေထိုင်ရမယ့် အခြေခံအချက်တွေကို ပြန်လည်မျှဝေခဲ့ကြပါတယ်။

အနာဂတ်မျိုးဆက်သစ်ကျောင်းသားတွေကိုအသိပညာပေး ဟောပြောပွဲကို ဒီနေ့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆားလင်းကြီးမြို့နယ် ပ.က.ဖ အဖွဲ့နဲ့ တိုက်နယ်/ကျေးလက် ပ.က.ဖ ၊ ပ.အ.ဖ အဖွဲ့တွေကလုံခြုံရေးယူပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.