ဆားလင်းကြီး – ဖေဖော်ဝါရီ(၂၅)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်တပ်မီးရှို့ခဲ့တဲ့ ကျေးရွာက ပြည်သူတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့မှာ အခြေခံအိမ်သုံးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့က တစ်အိမ်ထောင်ကို ဒန်အိုး(၁)လုံး၊ဒယ်အိုး(၁)လုံး၊ ဇလုံ(၂)လုံး၊ဇွန်း(၃)ချောင်း၊ကြွေအုပ်(၁)လုံး၊ဖလား(၁)လုံး၊ရေခွက်(၁)လုံး၊ ဆန်(၁) ပြည် နဲ့ ဆီ(၅၀) သားကို အိမ်ထောင်စု (၆၅) စုအတွက်လှူဒါန်းပေးခဲ့တာပါ။

ဒါ့အပြင် အညာပစ်တိုင်းထောင်လေးများအနေနဲ့ ဆားလင်းကြီးမြို့က မီးဘေးသင့် ပြည်သူတွေ အတွက် ဆန်တင်း(၁၀၀) ကမ်းပိမ်းပြုလုပ်ကာ ပြည်သူတွေကိုကူညီဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.