မော်လမြိုင် – ဖေဖော်ဝါရီ(၂၃)
မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်ကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရမှုအပေါ် ဒေါက်တာ အောင်မြတ်ကျော်စိန်ကို သံလွင်တိုင်းမ်က သဘောထားမေးမြန်းရာမှာတော့ “ကျွန်တော်တို့က ဝန်ထမ်းတွေပါ တာဝန်ပေးအပ်ရင်တော့ ထမ်းဆောင်ရမယ်မှာပဲ”လို့ မှတ်ချက်ပြုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဒေါက်တာ အောင်မြတ်ကျော်စိန်ကို မော်လမြိုင်တက္ကသိုလ် ကြားကာလ ယာယီစီမံအုပ်ချုပ်ရေး ကောင်စီအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ပြီး အမည်ပျက်စာရင်း ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်