ဘန်ကောက် – ဖေဖော်ဝါရီ(၂၅)
အိမ်နီးချင်းနိုင်ငံတွေကြား နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်လာချိန်မှာ စုပေါင်းလုံခြုံရေး တိုးမြှင့် တဲ့အနေနဲ့ ထိုင်းနိုင်ငံအတွက် နျူကလီးယားရေငုပ်သင်္ဘောအသစ်ရရှိနိုင်ဖို့ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးကကူညီပေးဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။
မနီလာမြို့ကိုရောက်နေတဲ့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာ့စ်က AFP နဲ့ အင်တာဗျူးမှာ ရေငုပ်သင်္ဘောကိစ္စထည့်သွင်းပြောခဲ့တာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရရွတ် ချန်အိုချာနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးဖို့ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
“ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို (ထိုင်း) ဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုမှာ အထောက် အကူပြုပေးနိုင်ဖို့ ကျွန်ုပ်အနေနဲ့ ဆောင်ရွက်သွားဖို့က ပြောချင်တဲ့ တစ်ချက်ပါ။ ဒါက မျှခြေ တည်ဆောက်တာလည်းဖြစ်သလို အဲ့ကတဆင့်ပဲ ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးကို အထောက် အပံ့ပြုသွားရမှာပါ” လို့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာ့စ်က ကပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ဩစတြေးလျနိုင်ငံဟာ နျူကလီးယားရေငုပ်သင်္ဘောအသစ်တွေကို အမေရိကန် နဲ့ ဗြိတိန်ဆီက ရယူနိုင်ဖို့ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘ်နိစ့်က နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့အတူ လာမယ် မတ်လထဲမှာ တွေ့ဆုံဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနဲ့ မလေးရှားတို့က နျူရေငုပ်သင်္ဘောဝယ်ယူရေးနဲ့ ပတ်သက်ပြီး စစ်ဘက်လက်နက်ပြိုင်ဆိုင်ပွဲကို ဆန့်ကျင်တဲ့ သတိပေးချက်ထုတ်ပြန်ထားပါ တယ်။
ဩစတြေးလျကာကွယ်ရေးဝန်ကြီး ကတော့ ဒီအစီအစဉ်ဟာ ယုံကြည်စိတ်ချဖို့အတွက် တည်ဆောက်တာဖြစ်တယ်လို့ သတိပေးချက်ကို တုံ့ပြန်ထားပါတယ်။
ဒေသတွင်းအင်အားကြီးတရုတ်ကို ရင်ဆိုင်ဖို့ဩစတြေးလျ၊ဗြိတိန်နဲ့ အမေရိကန်တို့ဟာ Aukus လို့ခေါ်တဲ့ လုံခြုံရေးအစီအစဉ်ရေးဆွဲပြီးနောက် နျူရေငုပ်သင်္ဘောအပေးအယူကိစ္စတွေ ထွက် ပေါ်လာတာဖြစ်ပါတယ်။
ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာ့စ်က သမာရိုးကျနည်းလမ်းအတိုင်း စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းဝယ်ယူတာဟာ ဖြေရှင်းချက်ပေးစရာကိစ္စမဟုတ်ဘူးလို့ ဆိုထားပါတယ်။
Ref: The Straits Times