အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။
အာဏာသိမ်း စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် တိုင်းဒေသကြီးနဲ့ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) အဖြစ် ကြေညာခဲ့တာ အခုဆိုရင် ရက်သတ္တပတ် ၃ ပတ်ထဲ ရောက်လာပြီး ဖြစ်ပါတယ်။
ဒါကြောင့် စစ်အုပ်ရေးကြေညားထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီဘက်က ဘယ်လိုလှုပ်ရှားမှုတွေ ရှိနေလဲ။ အရပ်သားပြည် သူတွေအပေါ် ဘယ်လိုပုံစံတွေနဲ့ ဖိနှိပ်နေလဲ။ စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့ ဒေသက ပြည်သူတွေကို ဘာတွေ တိုက်တွန်း လိုက်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ ဘယ်လိုလှုပ်ရှားမှုတွေ ပြုလုပ်နေလဲ။
စစ်အုပ်စုကတော့ မာရှယ်လောထုတ်ပြီးတော့ သူတို့အမိန့်ပေးစနစ်တွေကို တိုင်းမှူးတွေကို လုပ်ပိုင်ခွင့်အပြည့် ပေးပြီး အမိန့်ပေး စနစ်တွေကို သိပ်ပြီးတော့ အဆင့်ဆင့်မတင်ပြရအောင် လုပ်ပိုင်ခွင့်ပေးလိုက်တာတွေ တွေ့ရ တယ်။ မာရှယ် လောထုတ်ထားတဲ့ မြို့နယ်တွေမှာဆိုရင် နှစ်မျိုးရှိတာပေါ့နော်။ NUGအပါအဝင် LOCAL DEFENCE FORCEတွေ နောက်ပြီးတော့ PDF တွေ စိုးမိုးထားတဲ့ နယ်မြေတွေရှိတယ်။
အဲဒီလိုနယ်မြေတွေမှာဆိုရင် ဘယ်လိုမှစစ်ကောင်စီတပ်တွေ အနားတောင်ကပ်လို့မရတဲ့ အနေအထားမျိုးတွေ။ ဒါမျိုးတွေရှိသလို တစ်ဖက်မှာတော့ ဟိုဘက်ရော၊ ဒီဘက်ရော ဘယ်သူမှအပြီးအပိုင် စိုးမိုးထားခြင်းမရှိတဲ့ နေရာ မျိုးတွေမှာတော့ ပြည်သူလူထုက ခံရတာပေါ့နော်။ ပြည်သူလူထုကိုပဲ မဲပြီးတော့ အကြမ်းဖက်စစ်အုပ်စုက ရွာ တွေကိုဝင်လိုက်၊ ရွာသားတွေကိုဖမ်းလိုက်၊ ပြီးရင် မီးရှို့လိုက်၊ ပြီးရင် PDF လို့စွပ်စွဲပြီး သတ်ပစ်လိုက် စသဖြင့် ပေါ့နော်။ နောက်ပြီးတော့ အိုးအိမ်စည်းစိမ်တွေကို လုယူလိုက် ဒါမျိုးကိစ္စတွေကိုတော့ ဒါတောက်လျှောက် လုပ်နေတာတွေ ကျွန်တော်တို့တွေ့ရပါတယ်။ ရွာတွေကိုမီးရှို့တဲ့ကိစ္စတွေလည်း ခပ်စိပ်စိပ်ပေါ့နော် လုပ်နေ တာတွေ တွေ့ရပါတယ်။
-အရပ်သားတွေအပေါ်မှာရော ဘယ်လို အကြမ်းဖက်တာတွေ ရှိနေလဲ။ စစ်အုပ်စုအနေနဲ့ ဘာကြောင့် အခုဒေသတွေကို စစ်အုပ်ချုပ်ရေးကြေညာတယ်လို့ သုံးသပ်ပါသလဲ။
အမှန်တိုင်းပြောရင်တော့ဗျာ။ ထူးထွေပြီးတော့ ကျွန်တော်တို့က မာရှယ်လောထုတ်တဲ့ ဒေသဆိုပြီးတော့ သီးခြားစဉ်းစားလို့ မရပါဘူးနော်။ ကျွန်တော်တို့ တစ်နိုင်ငံလုံးကို အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုရဲ့ အာဏာကို တရားမဝင်လုယူဖို့ ကြိုး စားပြီးတော့ တနိုင်ငံလုံးကို ဒါအုပ်ချုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်ဖို့ ကြိုးစားနေတာပေါ့နော်။ ဒါပေမယ့် ပြည်သူလူထုတစ်ရပ်လုံးကလည်း လုံးဝအုပ်ချုပ်လို့ မရစေဘူးဆိုတာကို ဒါအခုချိန်ထိ နှစ်နှစ်ကျော်ကြာတဲ့အထိ ကျွန်တော်တို့ဒါ ပြတ်ပြတ်သားသား ပြသနေပြီ ဖြစ်တယ်ပေါ့နော်။
-စစ်အုပ်ချုပ်ရေး ကြေညာထားရတဲ့ဒေသက ပြည်သူတွေကို ဘာတွေ တိုက်တွန်းချင်တာ ရှိမလဲ။
အဓိကကတော့လေ သတိထားပြီးတော့ နေထိုင်ဖို့ လိုလာတယ်။ နံပါတ်၁ကတော့ လေကြောင်းရန်ပေါ့။ လေ ကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ အမြဲတမ်းသတိ မပြတ်စေပဲပေါ့နော်။ အချက်ပြတာတစ်ခုခု လာပြီ ဆိုတာနဲ့ ဇာတ်တိုက်လေ့ကျင့်ထားသလိုပဲပေါ့။ ပြေးအောင်းပုန်းခိုဖို့ကိစ္စတွေ၊ ဒါမျိုးတွေ နောက်ပြီးတော့ အဲဒီ လိုပြေးအောင်းပုန်းခိုနိုင်ဖို့ အစောကြီးထဲက ကြိုတင်ပြင်ဆင်ထားတာတွေ ကျွန်တော်တို့ လုပ်သင့်တယ်။ တတ်နိုင်သမျှ လူစုလူဝေးပေါ့နော်။ လူစုလူဝေးကိုလည်း တတ်နိုင်သမျှ မလုပ်မိအောင် ရှောင်သင့်တယ်။ နောက်တစ်ခုက သတင်းပေါက်ကြားမှုကိုလည်း အရေးကြီးပါတယ်။ နောက်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ကိစ္စ ရပ်တွေကိုပဲဖြစ်ဖြစ်ပေါ့။ ပြည်သူလူထုအချင်းချင်းကြားမှာ စုစည်းဖို့ လုပ်တဲ့ကိစ္စမျိုးတွေပဲဖြစ်ဖြစ်ပေါ့။
ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေကို တခြားစစ်အုပ်စုဆီကို မပေါက်ကြားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ နေထိုင်ကြဖို့ အရေးကြီးပါတယ်။
-နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်တာ ရှိမလဲ။
အကြမ်းဖက်စစ်အုပ်စုကတော့ သိတဲ့အတိုင်း သူတို့ရဲ့အာဏာတည်မြဲရေး အတွက်ပေါ့နော်။ လက်ရှိအခြေအနေကိုလည်း ခြောက်လ တိုးပြီးတော့ ရွေးကောက်ပွဲဆိုတာလည်း ဘယ်ဆီဘယ်ဝယ်မှန်းမသိတော့ လက်ရှိတိုင်း ပြည်ကို တည်ငြိမ်အောင် ကြိုးစားမယ် ဆိုပြီးတော့ ခြောက်လသက်တမ်းတိုးတယ်။ ကျွန်တော်တို့ရဲ့ သုံးသပ် ချက်အရတော့ ဒီခြောက်လမှာ သူတို့ဘာမှ ထွေထွေထူးထူး လုပ်နိုင်မှာမဟုတ်ဘူး။ တကယ်တမ်းတိုင်းပြည်ကို ငြိမ်းချမ်းသာယာပြီးတော့ အေးဆေးတည်ငြိမ်နေတယ် ဆိုရင်တော့ ရှင်းရှင်း လေးပါပဲ။ ဒီအကြမ်းဖက်စစ်အုပ်စုက သူတို့နဲ့မဆိုင်တဲ့ သူတို့မပိုင်တဲ့ သူတို့မတရားလုယူနေတဲ့ သူတို့အာဏာကို ပြန်အပ်ပြီးတော့ ဆင်းပေးလိုက်ပါ။ အဲဒီလိုဆင်းပေးလိုက်တယ်ဆိုရင် နေချင်းညချင်းကိုပဲ တိုင်းပြည်ငြိမ်းချမ်းသာယာ သွားရုံတင်မ ကဘူး။ ပြည်သ တွေအကုန်လုံး အိုးစည်ဗုံမောင်းတီးပြီးတော့ လမ်းပေါ်ကို ထွက်လာကြမှာ ဖြစ်ပါတယ်။