ဆိုးလ်၊ ဖေဖော်ဝါရီ(၂၅)
တောင်ကိုရီးယားရဲ့ ကလေးမွေးဖွားနှုန်းဟာ တစ်ဖန်ပြန်လည်ကျဆင်းသွားခဲ့ပြီး ကမ္ဘာပေါ်မှာ အနိမ့်ဆုံးမွေး ဖွားနှုန်းဖြစ်လာတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။
Statistics Korea ရဲ့ အဆိုအရ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးရဲ့ မျိုးပွားမှုသက်တမ်းတစ်လျှောက် မျှော်မှန်းထားတဲ့ ကလေးပျမ်းမျှအရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ဝ.၈၁ရာခိုင်နှုန်း မှ ၂၀၂၂ ခုနှစ်တွင် ဝ.၇၈ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ၂၀၂၀ ခုနှစ်စာရင်း အရ တောင်ကိုရီးယားဟာ အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး မြို့တော်ဆိုးလ်မှာ ကလေးမွေးဖွားနှုန်းမှာ ဝ.၅၉ သာရှိတယ်လို့ ဆိုပါတယ်။
တောင်ကိုးရီးယားနိုင်ငံဟာ ၂၀၁၅ ခုနှစ်ကတည်းက ကလေးမွေးဖွားနှုန်း ကျဆင်းလာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ မွေးဖွားမှုထက် သေဆုံးမှုပိုများခဲ့တာဖြစ်ပါတယ်။
နိုင်ငံတွေအနေနဲ့ အမျိုးသမီးတစ်ဦးလျှင် မွေးဖွားနှုန်း ၂.၁ လိုအပ်တာဖြစ်ပြီး လူဦးရေ ကျဆင်းမှုကတော့ ဂျပန်နဲ့ တရုတ်အပါအဝင် အခြားသော အာရှနိုင်ငံတွေမှာလည်း ရှိနေတာဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကလေးမွေးဖွားနှုန်းနည်းပါးရခြင်းမှာ လုပ်ငန်းဝန်းကျင်လိုအပ်ချက်၊ နေထိုင်မှုစ ရိတ်များ မြင့်တက်လာခြင်း၊ အိမ်ထောင်ရေးနဲ့ ကျားမတန်းတူညီမျှမှုအပေါ် သဘောထားတွေ ပြောင်းလဲလာခြင်း နဲ့ လူငယ်တွေအကြား အမြင်မှားမှုတွေ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုးရီးယားမှာ လူအများအပြားဟာ မသေချာမရေရာတဲ့ အလုပ်အကိုင်ဈေးကွက်၊ ဈေးကြီးတဲ့ အိမ်ရာတွေနဲ့ ကျား၊မ နှင့် လူမှုရေး မညီမျှမှုတွေကြားမှာ ကလေးပြုစုဖို့ တာဝန်ရှိတယ်လို့ မခံယူကြတော့ဘဲ အမျိုးသမီးတွေဟာ ဘိုးဘေးအစဉ်အဆက် ကလေးပြုစုခြင်း ယဉ်ကျေးမှုနဲ့ လုပ်ငန်းခွင် ခွဲခြားဆက်ဆံခံရမှု တို့ကိုလည်း ကိုးကားပြီး ညွန်းဆိုခဲ့ကြပါတယ်။
ကလေးမီးဖွားဖို့ တောင်ကိုရီးယားအမျိုးသမီးတွေရဲ့ ပျမ်းမျှအသက်ဟာ ယမန်နှစ်က (၃၃.၅) အထိ မြင့်တက် လာခဲ့တယ်လို့ သိရပါတယ်။
Ref: Nextshark/Yahoo News