မော်စကို – ဖေဖော်ဝါရီ(၂၅)
ရုရှား သမ္မတ ဗလာဒီမာပူတင်ဟာ ကမ္ဘာကြီးအဆုံးသတ်စေနိုင်တဲ့ Satan-2 နျူကလီးယားပစ်နိုင် တဲ့ ဒုံးကျည်တွေကို တိုက်ခိုက်ရေးနေရာတွေကို စေလွှတ်သွားဖို့ရှိနေတယ်လို့ ပြောပါတယ်။
အဖမြေကာကွယ်သူနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်မလင်ရဲ့ ပေါ်ပေါက်လာမယ့် စစ်ရေးအစီ အစဉ်တွေနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ လူသိရှင်ကြားပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ် လာတာပါ။
ကြီးမားတဲ့ ဒုံးကျည်အသစ်ပါတဲ့ Saeamat ဆာရာမတ်ဒုံးကျည်စနစ်ရဲ့ ပထမဆုံးပစ်လွှတ်မယ့် ဒုံးကျည်တွေဟာ တိုက်ခိုက်ရေးတာဝန်ကို ထမ်းဆောင်နေပြီဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။
Zirkon ပင်လယ်ပြင်က ပစ်လွှတ်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို တပ်မတော်ကို စတင်ပေး ပို့မှာဖြစ်တယ်လို့ ပူတင်က ကတိပြုခဲ့ပြီး ရုရှားရေတပ်မှာ နျူကလီးယား စွမ်းရည်ရှိတဲ့ ရေငုပ် သင်္ဘောသုံးစင်းကိုလည်း ထပ်မံဖြည့်တင်းသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ယူကရိန်းတိုက်ပွဲမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နောက်တဆင့်အတွက် ခြေလျင်တပ်တွေကို သေချာစစ်ဆေးသွားဖို့ရှိတယ်လို့ ပူတင်က ကတိပြု ခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု စနစ်အသစ်တွေ၊ကင်းထောက်တာနဲ့ ဆက်သွယ်ရေးကိရိယာတွေ၊ ဒရုန်းတွေနဲ့ အမြောက်စနစ်တွေကို ပံ့ပို့ပေးဖို့ရှိတယ်လို့ ရုရှားခေါင်းဆောင်က ဆိုထားပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက စစ်ပွဲလာနေပြီဖြစ်ပြီး ဗြိတိန်ဟာ လာမယ့် (၇) နှစ်အတွင်း ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ပဋိပက္ခမှာ ပါဝင်လာမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
ပူတင်ရဲ့ တရားမဝင်စစ်ပွဲကြောင့် ကာကွယ်ရေးအသုံးစရိတ်ပိုမိုသုံးစွဲဖို့ တောင်းဆိုမှုတွေနဲ့ ကမ္ဘာကြီးဟာ ပိုမိုအန္တရာယ်များပြီး ပိုမို မတည်မငြိမ်ဖြစ်ကာ မလုံခြုံတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ မစ္စတာဝေါလက်က ပြောပါတယ်။
“ပဋိပက္ခက ဒီဆယ်စုနှစ်အကုန်မှာလာမယ်၊ စစ်အေးသည်ဖြစ်စေပူသည်ဖြစ်စေစစ်ပွဲက လာလိမ့်မယ်၊ ဟန့်တားဖို့အတွက် အဆင်သင့်ဖြစ်နေရမယ်၊ ကိုယ့်ရဲ့မဟာမိတ်တွေနဲ့ ရပ်တည်ရမယ်ဆိုတာကို ငါတို့အသိအမှတ်ပြုရမယ်” လို့ သူက The Sun သတင်းစာကို ပြောခဲ့ပါတယ်။
ဝေါလက်စ်နဲ့ ပူတင်တို့ရဲ့ မှတ်ချက်တွေဟာ စစ်ပွဲ ပထမနှစ်ပတ်လည်မတိုင်ခင် ထွက်ပေါ်လာ တာဖြစ်ပါတယ်။
ပူတင်ဟာ နိုင်ငံတွင်းလှည့်လည်သွားရောက်နေချိန် ကောင်းကင်ယံမှာ ပေါက်ကွဲမှုနဲ့ ပေါက်ကွဲသံ တွေထွက်ပေါ်လာခဲ့ပြီး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပူတင်က ဒုံးကျည်စမ်းသပ်မှု ပြုလုပ် ခဲ့တာဖြစ်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။
Ref: Mirror