February 24, 2023

ကမ္ဘာပေါ်မှာ တောင်ကိုရီးယားနိုင်ငံက ကလေးမွေးဖွားမှုနှုန်း အနည်းဆုံးနိုင်ငံဖြစ်လာ

ဆိုးလ်၊ ဖေဖော်ဝါရီ(၂၅) တောင်ကိုရီးယားရဲ့ ကလေးမွေးဖွားနှုန်းဟာ တစ်ဖန်ပြန်လည်ကျဆင်းသွားခဲ့ပြီး ကမ္ဘာပေါ်မှာ အနိမ့်ဆုံးမွေး ဖွားနှုန်းဖြစ်လာတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ Statistics Korea ရဲ့ အဆိုအရ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးရဲ့ မျိုးပွားမှုသက်တမ်းတစ်လျှောက် မျှော်မှန်းထားတဲ့ ကလေးပျမ်းမျှအရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ဝ.၈၁ရာခိုင်နှုန်း မှ ၂၀၂၂ ခုနှစ်တွင် ဝ.၇၈ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)အဖွဲ့ဝင် နိုင်ငံတွေထဲမှာ…

ထိုင်းနိုင်ငံ နျူကလီးယားရေငုပ်သင်္ဘောရရှိဖို့ ဩစတြေးလျကူညီမယ်လို့ပြော

ဘန်ကောက် – ဖေဖော်ဝါရီ(၂၅) အိမ်နီးချင်းနိုင်ငံတွေကြား နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်လာချိန်မှာ စုပေါင်းလုံခြုံရေး တိုးမြှင့် တဲ့အနေနဲ့ ထိုင်းနိုင်ငံအတွက် နျူကလီးယားရေငုပ်သင်္ဘောအသစ်ရရှိနိုင်ဖို့ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးကကူညီပေးဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ မနီလာမြို့ကိုရောက်နေတဲ့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာ့စ်က AFP နဲ့ အင်တာဗျူးမှာ ရေငုပ်သင်္ဘောကိစ္စထည့်သွင်းပြောခဲ့တာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရရွတ် ချန်အိုချာနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးဖို့ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို (ထိုင်း)…

ကမ္ဘာကြီးအဆုံးသတ်သွားနိုင်လောက်တဲ့ နျူဒုံးကျည်ကို တိုက်ခိုက်ရေးဇုန်မှာထားမယ်လို့ ပူတင် ခြိမ်းခြောက်

မော်စကို – ဖေဖော်ဝါရီ(၂၅) ရုရှား သမ္မတ ဗလာဒီမာပူတင်ဟာ ကမ္ဘာကြီးအဆုံးသတ်စေနိုင်တဲ့ Satan-2 နျူကလီးယားပစ်နိုင် တဲ့ ဒုံးကျည်တွေကို တိုက်ခိုက်ရေးနေရာတွေကို စေလွှတ်သွားဖို့ရှိနေတယ်လို့ ပြောပါတယ်။ အဖမြေကာကွယ်သူနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်မလင်ရဲ့ ပေါ်ပေါက်လာမယ့် စစ်ရေးအစီ အစဉ်တွေနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ လူသိရှင်ကြားပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ် လာတာပါ။ ကြီးမားတဲ့ ဒုံးကျည်အသစ်ပါတဲ့ Saeamat ဆာရာမတ်ဒုံးကျည်စနစ်ရဲ့ ပထမဆုံးပစ်လွှတ်မယ့်…

စစ်ကောင်စီတပ် စီနင်းတိုက်ခိုက်ခဲ့တဲ့ KNLA တပ်ရင်း(၁၀၃) ဌာနချုပ် ကို ပြန်လည် သိမ်းပိုက်

မြဝတီ – ဖေဖော်ဝါရီ(၂၄) စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတဲ့ တပ်မဟာ(၆)နယ်မြေအတွင်းရှိ KNLA တပ်ရင်း(၁၀၃)ဌာနချုပ်ကို KNDO ပူးပေါင်းတပ်ဖွဲ့က ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ…

ကျောက်တံတားမှာ ဘဏ်ကငွေထုတ်လာသူတွေ သိန်းသုံးထောင်လုယက်ခံရ

ရန်ကုန် – ဖေဖော်ဝါရီ(၂၄) ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်မှာ ဒီနေ့ဖေဖော်ဝါရီလ(၂၄) ရက်နေ့ မနက်ပိုင်းက CB ဘဏ်ကနေ ငွေထုတ်လာသူတွေဆီက ငွေသိန်း(၃၀၀၀) လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေ ကသံလွင်တိုင်းမ် ကိုပြောပါတယ်။ ငွေလုခံရသူတွေဟာ ယုံရှင်းငွေလွှဲလုပ်ငန်းက လူတွေဖြစ်ပြီ ဆာကူရာတာဝါမှာရှိတဲ့ CB ဘဏ်ကနေ ငွေထုတ်ပြီး ပြန်ချိန်မှာ လူ(၅)ဦးလောက်က ဓားတွေနဲ့ လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “ ငွေထုတ်တာကိုသိပြီး လုသွားတဲ့ပုံစံထင်တယ်။…

အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ပြန်လည်ခွင့်ပြုလိုက်ပေမယ့် အဆင်မပြေမှုတွေရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄) စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဖွင့်လှစ်လိုက်တဲ့ နိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းကနေဘွတ် ကင်တင်တဲ့စနစ်ဟာ ကြန့်ကြာမှုတွေနဲ့ အားနည်းချက်တွေကြောင့် သုံးစွဲသူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်တွေကို www.passport.gov.mm ဝက်ဘ်ဆိုက်ကနေ ဘွတ်ကင်တင်ရတာဖြစ်ပြီး အချိန်မရွေးလျှောက်ထားနိုင်တယ်လို့ ဆိုထားပေမယ့် ဒီနေ့နံနက်ပိုင်းမှာ ဝင်ရောက်အသုံးပြုသူတွေ များပြားမှုကြောင့် နာရီပိုင်းအကြာ ခဏ ပိတ်သွားခဲ့ပါသေးတယ်။ “ကျွန်မကပြည်ပမှာ အလုပ်လုပ်ဖို့…

သရက်ချောင်းမှာ အရက်လာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရလို့ (၂) ဦးသေဆုံး

သရက်ချောင်း – ဖေဖော်ဝါရီ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ၊စော်ဖျားကျေးရွာကို အရက်လာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေ ကို ဒေသကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့တဲ့အတွက် (၂) ဦးသေဆုံး ခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်သား(၅) ဦးက ကင်းပတ်ရင်း စော်ဖျားကျေးရွာထဲဝင်လာပြီး အရက်ဝယ်ချိန်မှာ PDF…

မကြာခင် နွေဦးတော်လှန်ရေးရဲ့ အချိုးအကွေ့ကိုရောက်တော့မယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – ဖေဖော်ဝါရီ(၂၄) မတူကွဲပြားမှုတွေနဲ့ ညီညွတ်မှုကို အခြေခံတဲ့ နွေဦးတော်လှန်ရေးဟာ မကြာခင် အချိုးအကွေ့တစ်ခု ကိုရောက်ရှိတော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၃) ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။ “အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံကျသော ရပ်ကျေးအုပ်ချုပ်ရေးနဲ့ မြို့နယ်အဆင့်…