သယ်ဟိတ်ချ်၊ ဖေဖော်ဝါရီ(၂၂)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာသိမ်းပြီး ကမ္ဘာလုံးဆိုင်ရာ အမျက်ဒေါသကို မီးမွှေးခဲ့တဲ့စစ်ကောင်စီကို ခြောက်ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုကို ဥရောပသမဂ္ဂက ချမှတ်လိုက်ပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လူ ပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း၇ ခုပါဝင်ပြီး အဲဒီထဲမှာ စွမ်းအင်ဝန်ကြီးအပါအဝင် ထင်ရှားတဲ့ စီးပွားရေးသမားတွေ၊ အဆင့်မြင့်အရာရှိတွေ၊ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ ရုံးတွေနဲ့ မြန်မာစစ်တပ်ကို လောင်စာဆီ၊ လက်နက်နဲ့ ငွေကြေးတွေထောက်ပံ့နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တွေပါဝင်ခဲ့တာပါ။
မြန်မာနိုင်ငံကို ဥရောပသမဂ္ဂမှ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုများတွေမှာ လက်ရှိအချိန်မအထိ လူပုဂ္ဂိုလ် ၉၃ ဦးနဲ့ အဖွဲ့အစည်း ၈ ခုအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်ကစပြီး တော်လှန်ရေးအစုဖွဲ့တွေအားလုံးကို သွေးထွက်သံ ယိုဖြစ်တဲ့အထိ ဖြိုခွင်းရာခဲ့ရာကနေ မြန်မာစစ်တပ်ကို ခုခံစစ်တွေ ဆင်နွှဲခဲ့တာပါ။ ဒါကြောင့် နိုင်ငံဟာလည်း ကမောက်ကမဖြစ်နေခဲ့သလို အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့အရေးယူးမှုတွေလုပ်ဆောင်လာခဲ့ကြတာပါ။
မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပြစ်မှုတွေကြောင့် လူဦးရေ ၁.၂ သန်း ခန့်ဟာ နိုင်ငံအတွင်းမှာနေရာရွှေ့ပြောင်းရပြီးဖြစ်သလို လူပေါင်း ၇ သောင်း ကျော်ကလည်း နိုင်ငံကနေ စွန့်ခွာခဲ့ကြတယ်လို့ UNHCR ရဲ့ ယမန်နှစ်မတ်လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း ပြောဆိုထားတဲ့ မြန်မာစစ်တပ်ကတော့ သူတို့တွေဟာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရရှိအောင် ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေကို ဥပဒေ ကြောင်းအရ ဖြေရှင်းခြင်းသာဖြစ်တယ်လို့ တုံ့ပြန်ထားတာပါ။
၂၀၂၁ ခုနှစ် မတ်လမှစပြီး ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအတွင်းက ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းတွေအတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ခြင်းကို ရပ်တန့်ထားတာလည်း ဖြစ်ပါတယ်။
Ref,Bangkok Post