ဝါရှင်တန် – ဖေဖော်ဝါရီ(၂၂) 

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံကျည် ပစ်လွှတ်မှုကို ရှုတ်ချပြီး ပြုံယမ်းကို သံတမန်ရေးအရ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အမေရိကန်က အဆိုပြုထားတာကို အဖွဲ့ဝင် (၁၅) နိုင်ငံက တုံ့ပြန်ဖို့ ပျက်ကွက်တာဟာ အန္တရာယ်ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားတို့ကတော့ မြောက်ကိုရီးယားအပေါ် ထပ်မံဖိအားပေးတာဟာ အပြုသဘော ဆောင်မှာမဟုတ်တဲ့အတွက် ကန့်ကွက်ခဲ့ပြီး လုံခြုံရေးကောင်စီက နောက်ထပ်လုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ခဲ့ကာ ပြီးခဲ့တဲ့နှစ်မေလက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှု တွေထပ်မံချမှတ်ဖို့ အမေရိကန်ဦးဆောင်တဲ့ တွန်းအားပေးမှုကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့တာပါ။

“အမှန်တကယ်ကတော့ မြောက်ကိုရီးယားကို သူ့ရဲ့ ပြင်းထန်တဲ့ ဒုံးကျည်စမ်းသပ်မှုရဲ့ အကျိုး ဆက်တွေကနေ အကာအကွယ်ပေးသူတွေဟာ အာရှဒေသနဲ့ ကမ္ဘာတစ်ခုလုံး ပဋိပက္ခဖြစ်နိုင် ခြေရှိတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးလ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကောင်စီရဲ့ အရေးယူဆောင်ရွက်မှုမရှိတာက အရှက်ရစရာထက်ပိုဆိုးကာ အန္တရာယ် များတယ်လို့ လုံခြုံရေးကောင်စီကိုပြောခဲ့ပြီး မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကိုရှတု်ချဖို့နဲ့ သံတမန်ရေးရာကို တွန်းအားပေးဖို့ သမ္မတရဲ့ တရားဝင်ကြေညာချက်ကို တင်သွင်းဖို့ အဆိုပြု ခဲ့ပါသေးတယ်။ 

ဒီထုတ်ပြန်ချက်တွေကို အများဆန္ဒအရ သဘောတူညီရမှာဖြစ်ပြီး မြောက်ကိုရီးယားအပေါ် ကောင်စီရဲ့ နောက်ဆုံးအကြိမ် အရေးယူဆောင်ရွက်မှုမှာ ပြုံယမ်းရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယား လက်နက်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ပိတ်ဆို့ အရေးယူမှုတွေ အားကောင်းစေဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

“အခြေအနေတွေကို ဖြေလျှော့ပေးမယ့် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍပါဝင်ခြင်းမရှိသလို ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူဖြစ်စေမယ့် အကြံဉာဏ်သစ်တွေ ယူဆောင်လာခဲ့ ခြင်း လည်း မရှိဘူး” လို့ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုတိယသံအမတ်ကြီး က မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ တောင်းဆိုနေတာနဲ့ ပတ်သပ်ပြီး ပြောခဲ့ပါတယ်။ 

ပိတ်ဆို့အရေးယူမှုတွေကို သီးသန့်လိုက်လံရှာဖွေပြီး ပုံကြီးချဲ့နေတာဟာ အဆုံးစွန်ဆီကိုသာ ဦးတည်မှာဖြစ်သလို တရုတ်အနေနဲ့ ကျွန်းဆွယ်မှာ မငြိမ်မသက်ဖြစ်မယ့်အစား တည်ငြိမ်ရေး ကို စစ်မှန်စွာ မျှော်လင့်ပြီး အစုအဖွဲ့အားလုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ တောင်းဆိုတယ်လို့ သူက ပြောပါသေးတယ်။ 

မြောက်ကိုရီးယားရဲ့ နောက်ထပ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီဝင်တွေ တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ ပစိဖိတ်ဒေသကို ပစ်ခတ်တိုက်ခိုက်မှုအဖြစ် အသုံးပြုတာ ဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ အပြုအမှုအပေါ်မှာ မူတည်တယ်လို့ မြောက်ကိုရီးယား အကြီးအကဲ တစ်ဦးဖြစ်တဲ့ ကင်မ်ယိုဂျွန်က ပြောထားပါတယ်။

ဂျပန်ကမ်းလွန်ပင်လယ်ပြင်ကို မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်(ICBM) ပစ်လွှတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာဘဲ အမေရိကန်က တောင်ကိုရီးယားရဲ့ ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှု တွေပြုလုပ်ခဲ့ပြီးနောက် ဂျပန်နဲ့ လည်း သီးခြားစီပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

လုံခြုံရေးကောင်စီအစည်းအဝေးအပြီးမှာ အဖွဲ့ဝင်သုံးပုံနှစ်ပုံနဲ့ တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး 

“နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့ နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေကို မြှင့်တင်နေတာကြောင့် ကျွန်ုပ်တို့ နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး” လို့  ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.