မန္တလေး – ဖေဖော်ဝါရီ(၂၂)

မန္တလေးတိုင်းလွှတ်တော်ရုံးနဲ့ တရားရုံးတွေကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့က အဝေးထိန်း မိုင်းနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေး(မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အောင်မြေသာစံမြို့နယ်၊ဘုန်းတော်တိုးရပ်ကွက်၊ လမ်း(၁၀) မှာရှိတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ဘန်ကာအတွင်းက နှစ်ချက် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် အပြစ်မဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို မတရားစီရင်ချက်တွေချမှတ်နေတဲ့ ချမ်းအေးသာစံပြည်ကြီးမျက်ရှင်မှာရှိတဲ့ တရားရုံးကိုလည်း အသံမိုင်းဖောက်ခွဲ သတိပေးခဲ့တယ် လို့ ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရည်အတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ မြန္ဒာစစ်ဆင်ရေး(မန္တလေး)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲပြောက်ကျားတိုက်ခိုက်မှုတွေ အားကောင်းလာပြီးနောက် စစ်ကောင်စီထောက်ခံသူတွေ ရှင်းလင်းခံရတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.