မော်လမြိုင်၊ ဖေဖော်ဝါရီ ( ၂၂ )

မြန်မာနိုင်ငံကူးလက်မှတ်တွေကို လာမယ့်ဖေဖော်ဝါရီ (၂၄)ရက်နေ့ ကစပြီး အွန်လိုင်းကနေဘွတ်ကင်တင်တဲ့ စနစ်သစ်နဲ့ လူကိုယ်တိုင်လျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

အဲဒီစနစ်ကို ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာသာ ကျင့်သုံးသွားမှာဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ အရင်လျှောက်ထားနေကျအတိုင်းသာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်ပေးရာမှာ ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်းပေးသွင်းရမယ်လို့ ပြောဆိုထားပြီး အွန်လိုင်းကနေ လျှောက်ဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ အကူအညီတောင်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားတာပါ။

နိုင်ငံကူးလက်မှတ်လျှော်ကထားပြီး ဆိုင်ငံ့ခံထားရသူတွေအနေနဲ့ကတော့ ဒါဟာမျှော်လင့်ထားတဲ့ အခြေအနေ တစ်ခုဖြစ်ပြီး ကန့်သတ်ချက်နဲ့ ပြန်လည်ခွင့်ပြုပေးလိုက်တာဖြစ်လို့ ရဲနဲ့ပွဲစားတွေအတွက်လည်း ဂွင်တစ်ခုဖြစ်လာ နိုင်တယ်လို့ ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ ပတ်စပို့ကို မည်သူမဆို လွယ်ကူစွာလျှောက်ထားနိုင်ဖို့စီစဉ်ထားတာကြောင့် ကြားပွဲစားတွေနဲ့ မဆောင်ရွက်ဖို့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.