ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD အတွင်းရေးမှူး ပဒိုစောလောအယ်မူးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် အခုနှစ်ပညာသင်နှစ်အတွင်းမှာ စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက် ပျက်စီးခဲ့သလို ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာဆရာမတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဒါကြောင့် KNU အုပ်ချုပ်နယ်မြေက စာသင်ကျောင်းတွေ တိုက်ခိုက် ခံနေရတဲ့ အခြေအနေ၊ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စစ်ကောင်စီက စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကို ဘယ်လို တုံ့ပြန်လိုက်ပါသလဲ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD အတွင်းရေးမှူး ပဒိုစောလောအယ်မူးနဲ့ ဆက်သွယ်မေးမြန်းချက်။

-ဖာပွန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်က ဗုံးကြဲတယ်။ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးတယ်ပေါ့။ ဒီနှစ်ပညာသင်နှစ်အတွင်းမှာ ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စာသင်ကျောင်းတိုက်ခိုက်ခံရမှု အခြေအနေ ဘယ်လိုရှိလဲ။

ကျွန်တော်တို့ဘက်မှာတော့ ကြေးနန်းတွေ အားလုံးမရောက်ဘူးလေနော်။ အချက်အလက်တွေ အားလုံးမ ရောက်ဘူး။ သိရသလောက်တော့ လေယာဉ်ပျံရော၊ လက်နက်ကြီးရောက ၁၂လုံးလောက်ရှိတယ်။ တချို့က နည်းနည်းပါးပါးထိတာ ရှိတယ်။ တချို့ကအားလုံးပျက်စီးသွားတာ ရှိတယ်။

-ကျောင်းသူကျောင်းသား ထိခိုက်မှုကရော ဘယ်လိုကြားရလဲ။

ထိခိုက်မှုတော့ နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးထားတယ်လေ။ ရွာထဲမှာ၊ ကျောင်းထဲမှာ မရှိတော့ ထိခိုက်မှုတော့ နည်းပါတယ်။ အပြင်မထွက်ရှောင်ထားတော့ ရွာထဲမှာလက်နက်ကြီးထိရင် ကလေး တွေ၊ ရွာသူ ရွာသားတွေလိုမျိုး ထိတာတော့ ရှိတာပေါ့။

-ဒီလို စာသင်ကျောင်းတွေ ထိခိုက်မှုရှိတော့ လတ်တလောမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲ။

အခက်အခဲတွေကတော့ ခုနလိုမျိုးပေါ့။ ရှောင်ရှားတယ်။ ပြီးတော့ စာလည်းသင်လို့ အဆင်မပြေဘူးပေါ့။ လုံခြုံ ရေးကလည်း ဘယ်လိုရှိမှန်းမသိတော့လေ။ အဲဒီမှာတော့ အခက်အခဲရှိတယ်။ အဆောက်အဦးထဲမှာ စာမသင် ရတော့လည်း ဗုံးခိုကျင်းထဲမှာ တောထဲမှာသင်ရတာလည်း အများကြီးခက်ခဲတာပေါ့။ အမိုးအကာတို့ ရေရတာ လည်း အဆင်မပြေတာတွေတော့ ရှိတာပေါ့။

-တိုက်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေကြားမှာ ပညာသင်ယူရတယ်ပေါ့နော်။ အဲဒီအခြေအနေမှာ စိန်ခေါ်မှုက ဘယ်လိုရင်ဆိုင်နေရလဲ။

စိတ်ပိုင်းဆိုင်ရာကအများကြီး ထိခိုက်မှုရှိတာပေါ့နော်။ ကလေးတွေကလည်း ဘယ်အချိန်မှာ လက်နက်ကြီးကျမ လဲ။ ဘယ်အချိန်မှာ ပြန်လာပစ်မလဲဆိုတာက ဘယ်သူမှမသိတော့ အမြဲတမ်းပဲ နေ့တိုင်းပဲ သတိနဲ့နေရတယ်။ ဒါကလည်း အများကြီးထိခိုက်မှုရှိတယ်။ ပြီးတော့ ဆရာမ၊ ဆရာမတွေကလည်း စာသင်ရမယ့် ဝန်ထုပ်ဝန်ပိုးမ က သူတို့မှာမိသားစုတွေ ရှိတယ်ပေါ့နော်။ အဲဒီအပေါ်မှာလည်း ပိုပြီးတော့မှ ဖိစီးမှုရှိတာပေါ့။ မျှော်လင့်ချက်မရ တော့ သူတို့လည်း ရင်ဆိုင်နေရမှာပေါ့။ ရွေ့ပြောင်းနေရတယ်ဆိုတော့ ပစ္စည်းကိရိယာတွေ၊ သင်ထောက်ကူ ပစ္စည်းတွေ သင်ကြားမှုဆိုင်ရာတွေလည်း သွားထိခိုက်နေတာပေါ့။ ဆရာ၊ ဆရာမတွေရဲ့ စားနပ်ရိက္ခာ၊ ကလေး တွေရဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးလည်း အများကြီးခက်ခဲမှုတွေ ရှိတာပေါ့။

-တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ကလေးကျောင်းသားတွေရဲ့ ပညာရေးအ တွက် KECD အနေနဲ့ ဘယ်လိုလုပ်ဆောင်တာမျိုးရှိလဲ။

အထူးသဖြင့် မြို့နယ်ခရိုင်ပညာရေးမှူးတွေလည်း KECDရှိတယ်။ မြို့နယ်ခရိုင်တင်ပြလာတဲ့ လိုအပ်ချက်အ ပေါ်မှာ ကျွန်တော်တို့တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာမျိုးတွေ ရှိတယ်။

-ဒီနှစ် KECD ရဲ့ ပညာရေးမှာ အခက်အခဲကြားကနေ ပညာသင်ယူရတယ်ပေါ့နော်။ ဒီအပေါ်မှာ အားရကျေနပ်မှု ရှိရဲ့လား။

အရေးပေါ်အခြေအနေအောက်မှာ ကျောင်းသူကျောင်းသားတွေ၊ ကျောင်းဆရာတွေ၊ ဆရာမတွေ ကျောင်း သား မိဘတွေရဲ့ သူတို့ရဲ့ ကလေးပညာရေးထဲမှာ ကြိုးပမ်းပါဝင်ပြီးမှ ဆောင်ရွက်ပေးတဲ့အတွက်တော့ များ များကြီးကျေနပ်အားရပါတယ်။ ဒါပေမယ့် ခုနလိုမျိုးပေါ့။ အခြေအနေတည်ငြိမ်တဲ့ အခြေအနေတစ်ခုအောက်မှာ ဆိုရင်တော့ ကျွန်တော်တို့ဘယ်လို ကျေနပ်အားရမှုတော့ ဘယ်တူမလဲ။ ဘတ်ဂျက်ရခဲ့အခြေအနေအောက်မှာ ခက်ခဲတဲ့ အခြေအနေအောက်မှာ အားလုံးက ပညာရေးအတွက်ကို အားကြိုးမာန်တက်ကြိုးစားပေးတဲ့အတွက် အများကြီးအားရမိတယ်။

ပြီးတော့ ကျွန်တော်တို့ပံ့ပိုးမှုနေတဲ့သူတွေကလည်း ကျွန်တော်တို့ကို KNUအောက်မှာ ပိုမိုပြီးတော့ နားလည်မှု ပေးတဲ့ အပေါ်မှာလည်း ကျွန်တော်တို့ ပိုမိုပြီးလုပ်ငန်းလုပ်ရတာ ပိုပြီးအားရှိလာတယ်။

-ပညာရေးအပေါ် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောချင်တာရှိလဲ။

စစ်ကောင်စီကတော့ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ ကျွန်တော်တို့လည်း ဘာသာရေး အ ဆောက်အဦးထဲမှာ စာသွားသင်တာရှိတဲ့အတွက် အဲဒီမှာလည်း အရပ်သားအဆောက်အဦးတွေ ပိုမိုပြီးတော့မှ တိုက်ခိုက်လာတယ်။ ကျွန်တော်တို့က ရှုတ်ချတယ်မလုပ်သင့်တဲ့အရာပါ။ ကျွန်တော်တို့ရဲ့ အနာဂတ် ကျွန် တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကို ကျောင်းကို ဒီလိုမျိုး တိုက်ခိုက်တာလုပ်ရင်တော့ အနာဂတ်ကို အညွှန့်ချိုး သွားသလိုမျိုးပဲ။ အာဏာရှင်က သူတို့ထက်တော်တဲ့သူမရှိစေရဘူး။ သူတို့ထက်ချမ်းသာ သူတို့ထက် အခြေအ နေ ကောင်းတဲ့လူ မရှိရဘူးလေ။ ကြောက်ရမယ်။ ပြီးတော့ မူးယစ်ဆေးဝါးရာဇဝင်ထဲမှာ နစ်နေရင်တော့ သူတို့ မရုန်းကန်နိုင်ဘူးပေါ့။ ကျွန်တော်တို့က ပညာရှိမယ်။ စာတတ်မယ်။ အမြင်ကျယ်ဆို သူတို့အုပ်ချုပ်ရတာ သူတို့ ထိန်းရတာ မလွယ်ဘူး။ ကျွန်တော်တို့ စနစ်တကျနဲ့ ဒီပိုင်းမှာမလုပ်နိုင်အောင် သူတို့လုပ်ဆောင်တယ်လို့ပဲ မြင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.