Radio Than Lwin Times(19/2)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
သာယာဝတီ – ဖေဖော်ဝါရီ(၂၂) ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ဂွေးချောင်းရွာအနီး ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ ရိုဟင်ဂျာ (၃၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ သူတို့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က ရန်ကုန်-ပြည်ကားလမ်းပေါ်က စစ်ဆေးရေး ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသား(၂၈)ဦးနဲ့ အမျိုးသမီး(၄)ဦးပါဝင်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကိုထွက်ခွာဖို့ ရခိုင်ပြည်နယ်ကနေတဆင့်…
မော်လမြိုင်၊ ဖေဖော်ဝါရီ ( ၂၂ ) မြန်မာနိုင်ငံကူးလက်မှတ်တွေကို လာမယ့်ဖေဖော်ဝါရီ (၂၄)ရက်နေ့ ကစပြီး အွန်လိုင်းကနေဘွတ်ကင်တင်တဲ့ စနစ်သစ်နဲ့ လူကိုယ်တိုင်လျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ အဲဒီစနစ်ကို ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာသာ ကျင့်သုံးသွားမှာဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ အရင်လျှောက်ထားနေကျအတိုင်းသာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်ပေးရာမှာ ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်းပေးသွင်းရမယ်လို့ ပြောဆိုထားပြီး…
https://youtu.be/4b-g6txDcS4
မန္တလေး – ဖေဖော်ဝါရီ(၂၂) မန္တလေးတိုင်းလွှတ်တော်ရုံးနဲ့ တရားရုံးတွေကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့က အဝေးထိန်း မိုင်းနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေး(မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အောင်မြေသာစံမြို့နယ်၊ဘုန်းတော်တိုးရပ်ကွက်၊ လမ်း(၁၀) မှာရှိတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ဘန်ကာအတွင်းက…
ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD အတွင်းရေးမှူး ပဒိုစောလောအယ်မူးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် အခုနှစ်ပညာသင်နှစ်အတွင်းမှာ စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက် ပျက်စီးခဲ့သလို ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာဆရာမတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဒါကြောင့် KNU အုပ်ချုပ်နယ်မြေက စာသင်ကျောင်းတွေ တိုက်ခိုက်…
သယ်ဟိတ်ချ်၊ ဖေဖော်ဝါရီ(၂၂) ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာသိမ်းပြီး ကမ္ဘာလုံးဆိုင်ရာ အမျက်ဒေါသကို မီးမွှေးခဲ့တဲ့စစ်ကောင်စီကို ခြောက်ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုကို ဥရောပသမဂ္ဂက ချမှတ်လိုက်ပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လူ ပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း၇ ခုပါဝင်ပြီး အဲဒီထဲမှာ စွမ်းအင်ဝန်ကြီးအပါအဝင် ထင်ရှားတဲ့ စီးပွားရေးသမားတွေ၊ အဆင့်မြင့်အရာရှိတွေ၊ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့…
ဝါရှင်တန် – ဖေဖော်ဝါရီ(၂၂) မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံကျည် ပစ်လွှတ်မှုကို ရှုတ်ချပြီး ပြုံယမ်းကို သံတမန်ရေးအရ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အမေရိကန်က အဆိုပြုထားတာကို အဖွဲ့ဝင် (၁၅) နိုင်ငံက တုံ့ပြန်ဖို့ ပျက်ကွက်တာဟာ အန္တရာယ်ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားတို့ကတော့ မြောက်ကိုရီးယားအပေါ် ထပ်မံဖိအားပေးတာဟာ အပြုသဘော ဆောင်မှာမဟုတ်တဲ့အတွက် ကန့်ကွက်ခဲ့ပြီး လုံခြုံရေးကောင်စီက နောက်ထပ်လုပ်ဆောင်မှု…
ဘန်ကောက် – ဖေဖော်ဝါရီ(၂၂) ထိုင်းနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဘန်ကောက်မြို့တော် ပြည်သူတွေက ရွေးချယ်ခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ဖယ်တုံတန်ရှင်နာဝါထရာ ဦးဆောင် နေပြီး လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ်ကိုတော့ ရွေးချယ်သူနည်းပါးခဲ့တယ်လို့ သိရပါတယ်။ ဖြေဆိုသူ (၁၅၇၁)ဦးမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်တုံတန်ဟာ (၂၈.၅) ရာခိုင်နှုန်းရရှိထားသလို မစ္စတာ ပရာရွတ်ကတော့ (၂၅.၇) ရာခိုင်နှုန်းရရှိခဲ့တာပါ။ ထိုင်းနိုင်ငံဖွံ့ဖြိုးရေးစီမံခန့်ခွဲမှု…
တနင်္သာရီ၊ ဖေဖော်ဝါရီ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ် မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၅ လုံး ထက်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေ သကာကွယ်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့နယ်ထဲက ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီအခြေ…