ရန်ကုန် – ဖေဖော်ဝါရီ(၂၁)

သရုပ်ဆောင်၊ဒါရိုက်တာသီဟတင်စိုးဟာ ဒီနေ ဖေဖော်ဝါရီလ(၂၁) ရက်နေ့မှာ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက အသိပေးထားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် (၅၅) နှစ်အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တဲ့ အတွက် မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းရတယ်လို့ သရုပ်ဆောင်ဝေဠုကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

သူဟာ ၂၀၀၀ ခုနှစ်အကယ်ဒမီမေးပွဲမှာ “ငရဲသား” ဆိုတဲ့ ဇာတ်ကားနဲ့ အဓိကသရုပ်ဆောင်ဆု အပြင် ဒါရိုက်တာဆုပါ ရရှိထားသူဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဗီဒီယိုခေတ်ဦးကာလတွေကစပြီး တော်လှန်ရေးဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ကာ လူရွှင်တော်တွေနဲ့ ပြည်သူတွေ အမြဲတမ်းစနောက်နေတဲ့ တော်လှန်ရေး မင်းသားကြီးတစ်ဦးလည်းဖြစ်ပါတယ်။

အကယ်ဒမီ သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ အကယ်ဒမီဇင်မာဦးကတော့ ၂၀၂၁ခုနှစ်ကအသက်(၅၁) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး ညီဖြစ်သူ ဒါရိုက်တာ ဉာဏတင်စိုးကတော့ ၂၀၂၂ ခုနှစ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.